Media
တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၈ က ထျန်းကုန်းအာကာသစခန်းနှင့် ချိတ်ဆက်
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ထျန်းကျိုး-၈ ကုန်တင်အာကာသယာဉ်က ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လှည့်ပတ်နေသော ထျန်းကုန်း အာကာသစခန်းနှင့် နိုဝင်ဘာ ၁၆ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီက ကြေညာခဲ့သည်။
ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၃၂ မိနစ်တွင် ထျန်းကျိုး-၈ ကုန်တင်အာကာသယာဉ်က ထျန်းကုန်း အာကာသစခန်း၏ ပင်မမော်ဂျူး ထျန်းဟဲ အနောက်ဘက်ချိတ်ဆက်ပေါက်နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း အေဂျင်စီထံမှ သိရသည်။
အာကာသစခန်းပေါ်ရှိ ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများက ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ပြီး စီစဉ်ထားသည့်အတိုင်း ကုန်ပစ္စည်းများ ရွှေ့ပြောင်းမည်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
China’s cargo craft Tianzhou-8 docks with space station Tiangong
The cargo craft Tianzhou-8 has successfully docked with the orbiting Tiangong space station on Saturday, the China Manned Space Agency announced.
At 2:32 a.m. (Beijing Time), Tianzhou-8 docked at the rear docking port of Tianhe, the core module of Tiangong space station, after completing its status setting, according to the agency.
The Shenzhou-19 taikonauts onboard the space station will enter the cargo craft and transfer the payloads as per schedule.
Xinhua News Agency correspondents reporting from Beijing. (XHTV)