Media
တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု ၄၀၀,၀၀၀ နီးပါး နှိမ်နင်း
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနများက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ၃၉၁,၀၀၀ မှုကို နှိမ်နင်းနိုင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ မှုခင်းများနှင့် စပ်လျဉ်းသော ပြစ်မှုဆိုင်ရာလှုပ်ရှားမှုများအား ထိရောက်စွာနှိမ်နင်းနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုကို ပစ်မှတ်ထားသည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများစွာကို ဆောင်ရွက်ခဲ့သည်။ ၎င်းအမှုများအတွက် ငွေကြေးထောက်ပံ့၊ ဦးဆောင်သူ သို့မဟုတ် ယင်းကဲ့သို့အမှုများ၏ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း သံသယရှိသူ ၇၉,၀၀၀ ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် ဝန်ကြီးဌာနက နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးမစ်ရှင်များ၌ ပါဝင်ဆောင်ရွက်နိုင်ရန် ထိုင်း၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား အပါအဝင် နိုင်ငံအသီးသီးသို့ လုပ်ငန်းအဖွဲ့များ စေလွှတ်ခဲ့သည်။ နိုင်ငံရပ်ခြားရှိ ပြစ်မှုကျူးလွန်သူများ၏ တည်နေရာ အမြောက်အမြားကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး သံသယရှိသူ ၃,၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများအား ပစ်မှတ်ထား လုပ်ဆောင်နေသော မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဆောင်ရွက်ရန် ယူနန်ပြည်နယ် အပါအဝင် ပြည်နယ်အဆင့်ဒေသများရှိ ပြည်သူ့လုံခြုံရေးတာဝန်ရှိသူများက ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာလျက် နယ်စပ်ဒေသများရှိ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၄၁,၀၀၀ အား တရုတ်နိုင်ငံသို့ လွှဲပြောင်းနိုင်ခဲ့သလို အဓိက ပြစ်မှုဆိုင်ရာကွင်းဆက်များစွာကိုလည်း ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် ခိုင်မာသော ဥပဒေအခြေခံ ပံ့ပိုးပေးနိုင်ရန် အစိုးရဌာနအသီးသီးနှင့်အတူ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေအား ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ “ဆက်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သောမှုခင်းများဆိုင်ရာ ပူးတွဲပြစ်ဒဏ်စီမံချက်” ကိုလည်း မူကြမ်းရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China solves nearly 400,000 telecom, online fraud cases in 2023
BEIJING, Jan. 5 (Xinhua) — Chinese public security departments have cracked 391,000 cases of telecom and online fraud from January to November 2023, the country’s Ministry of Public Security announced Friday.
To deliver a heavy blow to relevant criminal activities, the ministry in 2023 launched several law enforcement campaigns targeting telecom and online fraud. In total, 79,000 suspects were apprehended, including 263 persons who financed, led, or were in charge of such activities.
The ministry has also dispatched work teams to countries including Thailand, the Philippines, and Cambodia to participate in international law enforcement missions. Multiple overseas criminal dens were destroyed, and more than 3,000 suspects were captured in the process.
To address telecom and online fraud activities in northern Myanmar affecting Chinese citizens, public security authorities in provincial areas, including Yunnan, have promoted law enforcement cooperation in border regions following the ministry’s directions.
With close cooperation between China and Myanmar, a total of 41,000 telecom and online fraud suspects were transferred to China, and several major criminal rings were effectively eradicated.
To provide a sound legal basis for the handling of telecom and online fraud cases, the ministry, along with other related departments, drafted the “joint punishment measures for telecom and internet fraud and related crimes” in order to better implement the anti-telecom and online fraud law.