Connect with us

Media

တောင်ကိုရီးယားစစ်တပ်က အနောက်ဘက်ကမ်းလွန်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

ဆိုးလ်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားစစ်တပ်က အနောက်ဘက်ကမ်းလွန်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုအား ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံအနောက်ဘက်နယ်စပ် Yeonpyeong နှင့် Baengnyeong ကျွန်းများရှိ ရေတပ် တပ်ဖွဲ့များက ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
တောင်ကိုရီးယားစစ်တပ်၏ တောင်းဆိုချက်အရ ကျွန်းများပေါ်ရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန်အမိန့်များအား ယင်းနေ့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
S. Korean military conducts live-fire exercise off western coast
South Korea’s military conducted a live-fire exercise off its western coast Friday afternoon, the country’s defense ministry said.
The marine forces in the western border islands of Yeonpyeong and Baengnyeong launched the drill from 3:00 p.m. local time (0600 GMT), according to the Ministry of National Defense.
Evacuation orders were reportedly issued in the islands earlier in the day at the request of the South Korean military.
Xinhua News Agency correspondents reporting from Seoul.(XHTV)