Connect with us

Media

၁၃ ကြိမ်မြောက် အာဖရိကအားကစားပြိုင်ပွဲ ဂါနာနိုင်ငံ၌ စတင်ကျင်းပ

အက်ခရာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဂါနာနိုင်ငံ မြို့တော် အက်ခရာ၌ ၁၃ ကြိမ်မြောက် အာဖရိကအားကစားပြိုင်ပွဲအား မတ် ၉ ရက်ညပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ပွဲတော်အား ပါဝင်ဆင်နွှဲရန် အာဖရိကတိုက်တစ်ဝန်းမှ အားကစားသမားများ ၊ တာဝန်ရှိသူများ နှင့် ပရိသတ် သောင်းနှင့်ချီ၍ အတူတကွ ဆုံစည်းခဲ့ကြကြောင်း သိရသည်။

ဂါနာနိုင်ငံ သမ္မတ Nana Addo Dankwa Akufo-Addo က အာဖရိကတိုက် စည်းလုံးညီညွတ်ရေးအတွက် အားကစားကို အသုံးပြုရန် ပြိုင်ပွဲက အာဖရိကအတွက် အခွင့်အလမ်း ပေးအပ်ခဲ့ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အာဖရိကအားကစားပြိုင်ပွဲအား အာဖရိကအိပ်မက်ကို တွေ့ကြုံခံစားခြင်း ခေါင်းစဉ်ဖြင့် ကျင်းပကာ အားကစားနည်း ၂၉ မျိုးတွင် အားကစားသမား ၄,၀၀၀ ကျော်က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
13th African Games opens in Ghana
The 13th African Games opened in Accra, the capital of Ghana, on Friday night, bringing together tens of thousands of athletes, officials, and sports fans across the continent to celebrate the prestigious event.
In his opening remarks, Ghanaian President Nana Addo Dankwa Akufo-Addo said the Games presented an opportunity for Africa to use sports to unite the continent.
The 13th African Games under the theme of “Experience the African Dream” will be marked by the participation of over 4,000 athletes competing in 29 sports disciplines, eight qualifying to the Paris 2024 Summer Olympics.
Xinhua News Agency correspondents reporting from Accra.(XHTV)