Connect with us

Media

ဖိလစ်ပိုင်နိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှု ဇန်နဝါရီ-ဖေဖော်ဝါရီအတွင်း ၂၃၅ ရာခိုင်နှုန်း မြင့်တက်

မနီလာ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဖိလစ်နိုင်ငံသို့ ရောက်ရှိလာခဲ့သော တရုတ်ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ၂၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင် ဥပဒေပြုအမတ်က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်လာခဲ့သော တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် အ‌ရေအတွက်မှာ ၈၂,၃၁၄ ဦး ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံး ပြည်ပခရီးသွားဧည့်သည်နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အချက်အလက်များကို ကိုးကား၍ အောက်လွှတ်တော်၊ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ Marvin Rillo က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သည့်အားလျော်စွာ ခရီးသွားလုပ်ငန်းကဏ္ဍသည် တိုင်းပြည်စီးပွားရေးကို သိသိသာသာ ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈.၆၇ သန်း မြင့်တက်ခဲ့ပြီး နိုင်ငံခြားခရီးသွား ၅.၄ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် ပထမနှစ်လတွင် ဖိလစ်ပိုင်နိုင်ငံသို့ ပြည်ပခရီးသွားဦးရေ ၁.၀၉ သန်း လက်ခံနိုင်ခဲ့ပြီး ယင်းအနက် တောင်ကိုရီးယား၊ အမေရိကန် စသည့်နှစ်နိုင်ငံက ထိပ်တန်းဈေးကွက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ (Xinhua)

…………………………..
(English Version)
Chinese tourist arrivals in Philippines surge by 235 pct in January-February
MANILA, March 18 (Xinhua) — The number of Chinese inbound travelers to the Philippines surged by 235 percent in the first two months of 2024, a Philippine lawmaker said Sunday.
Citing data from the Philippines’ Department of Tourism, Representative Marvin Rillo, vice chairperson of the committee on tourism in the House of Representatives, said that 82,314 Chinese travelers entered the Philippines in January and February this year, making China the third-biggest supplier of foreign visitors to the Southeast Asian country.
As a key economic driver in the Philippines, tourism has a significant contribution to its economy. In 2023, international tourism receipts surged to 8.67 billion U.S. dollars, with over 5.4 million inbound foreign travelers.
In the first two months this year, the Philippines has received 1.09 million foreign travelers, with South Korea and the United States as its top two source markets.