Connect with us

Media

“အခွင့်အရေးနှင့်တရုတ်နိုင်ငံ” တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြီးမှူးကျင်းပ

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၌ “အခွင့်အရေးနှင့်တရုတ်နိုင်ငံ” တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲကို ဧပြီ ၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို တရုတ်လုပ်ငန်းရှင်များအသင်း၌ ကျင်းပပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Liu Ming ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်၊ တရုတ်-မြန်မာမီဒီယာပေါင်း ၂၀ ကျော်၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် သံရုံးမှ သံတမန်များတက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား၊ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားပေးခြင်း၊ လျှပ်စစ်ကား၊ ကုန်သွယ်ရေး စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ကာ မြန်မာနိုင်ငံ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)