Connect with us

Media

တရုတ်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှ စာသင်ကျောင်းများအတွက် အားကစားပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

China Foundation for Peace and Development (CFPD) က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ရှိ အခြေခံပညာ စာသင်ကျောင်း ၅ ကျောင်းအတွက် အားကစားပစ္စည်းများကို ဧပြီ ၁၀ ရက်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းခြင်းသည် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် CFPD တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “Silk Road People-to-People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ (Xinhua)