Connect with us

Media

အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးကို ဗန်းပြပြီး တရုတ်ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများအား အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် မကြာသေးမီက “ဝေဂါလူမျိုးများအား အဓမ္မ လုပ်အားပေး ခိုင်းစေမှု” သံသယဖြင့် တရုတ်ကုမ္ပဏီ သုံးခုကို သက်ဆိုင်ရာ “ပိတ်ဆို့အရေးယူမှု” စာရင်းတွင် ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်နိုင်ငံအား အပုပ်ချအမည်ဖျက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်နှင့် တရုတ်ကုမ္ပဏီများအပေါ် တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် အမေရိကန်နိုင်ငံကို တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အခိုင်အမာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဝေဂါလူမျိုးများအား အဓမ္မ လုပ်အားပေး ခိုင်းစေမှု” သံသယဖြင့် တရုတ်ကုမ္ပဏီသုံးခုကို “ဝေဂါအဓမ္မလုပ်အားပေးမှု တားဆီးရေးဥပဒေ စာရင်းရှင်းတမ်း” တွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့၏ ထုတ်ကုန်တင်သွင်းမှုကို တားမြစ်ခဲ့သည်ဟု အမေရိကန်အမိမြေလုံခြုံရေးဌာနက ဇွန် ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်ဘက်က မည်သို့ပြောကြားလိုပါသနည်းဟု ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
အမေရိကန်နိုင်ငံသည် ရှင်းကျန်းနှင့် ပတ်သက်သော မဟုတ်မမှန်သည့် အကြောင်းအရာများကို တစ်ဖန် ဖြန့်နေခြင်း၊ လူ့အခွင့်အရေးကို ဗန်းပြကာ တရုတ်ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့ခြင်းအား တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်၍ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
ရှင်းကျန်း၏ ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှုများသည် အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပြီး တရုတ်ဗဟိုအစိုးရ၏ ရှင်းကျန်းအုပ်ချုပ်မှုမူဝါဒသည် ပြည်သူ့ဆန္ဒကို ရရှိခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“အဓမ္မလုပ်အားပေးခိုင်းစေခြင်း” နှင့် “လူမျိုးတုံးသတ်ဖြတ်ခြင်း” ဟူသော အဆိုမှာ လုံးဝအဓိပ္ပါယ်မဲ့ပြောဆိုမှု၊ အလွန်နည်းပါးသော တရုတ်ဆန့်ကျင်ရေးသမားများ၏ ရာစုနှစ်ကြာ လိမ်ညာပြောစကားဖြစ်ကြောင်း၊ ၎င်း၏ရည်ရွယ်ချက်မှာ ရှင်းကျန်းအား ရှုပ်ထွေးစေရန်၊ တရုတ်နိုင်ငံကို သိက္ခာချရန်နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးထိန်းချုပ်ရန် ဖြစ်ကြောင်းဆိုသည်မှာ မိမိတို့အနေဖြင့် အကြိမ်များစွာ ကိုးကားသည့် ကိန်းဂဏန်းများက အဖြစ်မှန်ကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက ထိုလိမ်ညာစကားများကိုအခြေခံပြီး ရှင်းကျန်းနှင့်ပတ်သက်သော ဆိုးရွားသည့်ဥပဒေများကို တဇွတ်ထိုးအကောင်အထည်ဖော်နေကြောင်း၊ တရုတ်ကုမ္ပဏီများကို သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု စာရင်းရှင်းတမ်းတွင် ထည့်သွင်းခြင်းသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ပြင်းထန်စွာဝင်ရောက်စွက်ဖက်ခြင်း၊ စျေးကွက်၏ပုံမှန်လမ်းစဉ်များကို ပြင်းထန်စွာ နှောင့်ယှက်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ပြင်းထန်စွာချိုးဖောက်ခြင်း ဖြစ်ပြီး အမှန်စင်စစ်မှာ ရှင်းကျန်းတွင် “အလုပ်လက်မဲ့ဖြစ်စေရန် အဓမ္မ” ဖန်တီးကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း၊ လူ့အခွင့်အရေးဟု အမည်တပ်ပြီး ရှင်းကျန်းလူထုများ၏ ရှင်သန်ရေး၊ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်နေပြီး “ရှင်းကျန်းကိုအသုံးချ၍ တရုတ်နိုင်ငံကို ထိန်းချုပ်ရန်” ယုတ်မာသော ရည်ရွယ်ချက်များကို ထင်ရှားစွာ ဖော်ပြနေကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင်လည်း ပြည်တွင်းရေးပြဿနာများ တောင်လိုပုံနေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးပြဿနာများကို အမှန်တကယ် အလေးထားပါက ပြည်တွင်းတွင် လူမျိုးရေးခွဲခြားမှု၊ သေနတ်ကိုင်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးပေါများမှုစသည့် ရေရှည်ရှိနေသည့် ရှိရင်စွဲပြဿနာများကို ထိထိရောက်ရောက်ဖြေရှင်းသင့်ကြောင်း၊ ပြည်ပသို့ အာရုံလွှဲ၍ ပြည်တွင်းပြဿနာကို ဖြေရှင်းခြင်း၊ အခြားနိုင်ငံများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ပိတ်ဆို့အရေးယူမှုများကို အလွဲသုံးခြင်း ပြုလုပ်ရမည် မဟုတ်ကြောင်း လျင်ကျန့်က ထောက်ပြခဲ့သည်။
မိမိတို့အနေဖြင့် တရုတ်နိုင်ငံအား အပုပ်ချအမည်ဖျက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ တရုတ်ကုမ္ပဏီများအပေါ် တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန်၊ လူ့အခွင့်အရေးကို ဗန်းပြကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ် အကျိုးစီးပွားကို ထိခိုက်စေခြင်းတို့ကို ရပ်တန့်ရန် အမေရိကန်နိုင်ငံကို တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်မြဲစွာကာကွယ်ရန် ပြတ်ပြတ်သားသား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
外交部:坚决反对美方打着人权幌子制裁中企
新华社北京6月12日电(记者马卓言、曹嘉玥)就美方近日以涉嫌“强迫维族人劳动”为由将三家中国企业列入有关“制裁”清单,外交部发言人林剑12日表示,敦促美方立即停止对中国的污蔑抹黑,撤销对中国企业的非法单边制裁,中方将继续采取坚决措施维护中国企业的正当合法权益。
在当日例行记者会上,有记者问:美国国土安全部11日发表声明,以涉嫌“强迫维族人劳动”为由,将三家中国企业列入“维吾尔强迫劳动预防法实体清单”,禁止进口它们的产品。中方对此有何回应?
“美方再次炮制散布涉疆虚假叙事,打着人权的幌子对中国企业实施非法制裁,中方坚决反对、强烈谴责。”林剑说。
林剑表示,新疆的发展成就有目共睹,中国中央政府的治疆政策深入人心。我们多次援引大量数字事实说明,所谓“强迫劳动”“种族灭绝”完全是无稽之谈,是极少数反华分子炮制的世纪谎言,其目的是搞乱新疆、抹黑中国、遏制中国的发展。美方以谎言为依据,一意孤行实施涉疆恶法,将中国企业列入有关制裁清单,严重干涉中国内政,严重扰乱市场正常秩序,严重违反国际贸易规则和国际关系基本准则,实质是企图在新疆制造“强迫失业”,以人权为名侵害广大新疆群众的生存权、就业权、发展权,其“以疆制华”的险恶用心昭然若揭。
林剑指出,美国国内问题堆积如山,美方如果真的关心人权问题,就应该采取措施,切实解决国内的种族歧视、枪支暴力、毒品泛滥等痼疾,而不是内病外治,对别国横加干涉、滥施制裁。
“我

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.