Connect with us

Media

၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်း ဖော်ပြအပ်ပါသည်။

၁။ ထိုင်ဝမ်အရေးက တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ကျော်လွန်၍မရသော ပထမဆုံး အနီရောင်စည်းမျဉ်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား ၂။ တောင်ကိုရီးယားနိုင်ငံ ဟွာဆောင်းမြို့ မီးလောင်မှုတွင် တရုတ်နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဘက်က ကနဦး အတည်ပြု
၃။ ဟားမက်စ်အကြီးတန်း လက်နက်ကျွမ်းကျင်သူကို အစ္စရေးတပ်မတော် ရှင်းလင်း
၄။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွား
၅။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan ၌ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၂၀ ဦးထိ မြင့်တက်လာ
၆။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Dagestan အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အထွေထွအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ
၇။ ရုရှားပစိဖိတ်စစ်သင်္ဘောအုပ်စုက ဂျပန်ပင်လယ်နှင့် အိုကာတ်စ်ပင်လယ်ပြင်တို့တွင် အမြောက်ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်
၈။ ရုရှားနိုင်ငံ မော်စကိုပြည်နယ်ရှိ အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး
၉။ ရာဖာရှိ ဟားမက်စ်တို့၏ စစ်ရေးအင်အား ပြိုလဲခါနီးပြီဟု အစ္စရေး စစ်တပ် ပြောကြား
၁၀။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်
၁၁။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သက်သာသော ဈေးဖြင့် ဆန်ရောင်းချသည့် အစီအစဉ် ပြုလုပ်
၁၂။ တရုတ်နိုင်ငံ၏ အကြီးဆုံး ကိုယ်တိုင်လည်ပတ်သည့် ကမ်းလွန်ရေနံမြေ ထွက်ရှိမှု တန်ချိန် သန်း ၁၀၀ ကျော်ရှိ
၁၃။ နယူးဇီလန်မှ EV ယာဉ်မောင်းများက ရွေ့လျားကြိုးမဲ့အားသွင်းစနစ်ကို ပိုမိုသဘောကျ
၁၄။ အင်ဒိုနီးရှား၌ ရာသီဥတုပြောင်းလဲမှုက ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့အပေါ် ခြိမ်းခြောက်နေ
၁၅။ တရုတ်နိုင်ငံ Chang’e-6 အာကာသယာဉ်က ကမ္ဘာမြေသို့ လကမ္ဘာတစ်ဖက်စွန်းမှ ပထမဆုံး နမူနာပစ္စည်းများ ပြန်လည်သယ်ဆောင်လာ
၁၆။ မော်ရိုကိုနိုင်ငံက ပါလက်စတိုင်းပြည်သူများအတွက် ဆေးဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုး
၁၇။ နယူးဇီလန်၊ သြစတြေးလျနှင့် ပိုလန်နိုင်ငံတို့အတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို တရုတ်က စမ်းသပ်ဆောင်ရွက် (Xinhua)