Connect with us

Media

လေကြောင်းပို့ဆောင်ရေးက တရုတ်နိုင်ငံ၏ တောင်ထူထပ်သောပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ပေး

ကွေ့ယန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ယခုလဆန်းပိုင်းက ကွေ့ယန်မြို့နှင့် မော်စကိုမြို့ကြား ကုန်တင်လမ်းကြောင်းခရီးစဉ်အသစ် စတင်လိုက်ခြင်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာကုန်စည်တင်ပို့မှုလမ်းကြောင်း အရေအတွက် လေးခုအထိ ရောက်ရှိလာပြီဖြစ်သည်။ ထိုသို့တိုးချဲ့လိုက်ခြင်းသည် ကုန်သွယ်မှုအတွက် ပိုမိုထိရောက်၍ အဆင်ပြေသော လေကြောင်းခရီးတစ်ခု ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ကွေ့ကျိုးသည် တောင်ထူထပ်သော မြေယာအခင်းအကျင်းများကြောင့် လူသိများပြီး ကုန်းလမ်းနှင့် ရထားလမ်း သယ်ယူပို့ဆောင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသည်။
Guiyang Longdongbao အပြည်ပြည်ဆိုင်ရာလေဆိပ်ပါဝင်သော Guizhou Shuanglong လေဆိပ်စီးပွားရေးဇုန်ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသစ်ဖွင့်လှစ်လိုက်သော လေကြောင်းခရီးအပြင် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားနှင့် ဒေလီ စသည့် ပြည်နယ်မြို့‌တော်များအပြင် ပါကစ္စတန်နိုင်ငံ ကရာချိမြို့များနှင့်လည်း အခြားကုန်တင်လမ်းကြောင်းများဖြင့် ချိတ်ဆက် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Air routes boost foreign trade of China’s mountainous province
GUIYANG, July 21 (Xinhua) — With the launch of a new cargo route linking Guiyang and Moscow earlier this month, the number of international cargo routes connected to southwest China’s Guizhou Province has reached four. This expansion is creating a more efficient and convenient air passage for trade.
Guizhou is known for its mountainous landscapes in China, which poses challenges for road and rail transportation, necessitating the need to develop air traffic.
Guizhou Shuanglong Airport Economic Zone, with Guiyang Longdongbao International Airport as its core, was established in 2014. Besides the newly-opened route, it also operates the other three freight lines linking the provincial capital with India’s Kolkata and Delhi, as well as Karachi in Pakistan.