Connect with us

Media

“တရုတ်ထောပတ်သီးတို့၏ ဇာတိမြေ” က ထောပတ်သီး အသစ်အဆန်း လုပ်စားနည်း

ယူနန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မုန့်လျန်ခရိုင်တွင် ထောပတ်သီးရိတ်သိမ်းကာလ ရောက်ရှိနေပြီဖြစ်သည်။ “တောနက်ထဲက ထောပတ်” ဟု တင်စားခံရသည့် ထောပတ်သီးများသည် လတ်ဆတ်သည့် သစ်သီးမှ တစ်မူထူးခြားသော ရသာမွန်အဖြစ်သို့ ပြောင်းလဲလာပြီဖြစ်သည်။ ယင်းဒေသတွင် ဆန်းသစ်ဖန်တီးထားသော ရသာမွန်ဟင်းလျာအမျိုးမျိုးကို ဖန်တီးလျက်ရှိရာ ကြော်ချက်ခြင်း၊ အသုပ်သုပ်ခြင်း၊ အချိုပွဲ စသည့် အမျိုးအစား အသွယ်သွယ်ရှိကြသည်။ ဆန်းသစ်ဖန်တီးထားသည့် ထောပတ်သီးကော်ဖီ၊ ထောပတ်သီးလမုန့်၊ ထောပတ်သီးဒိန်မလိုင်၊ ထောပတ်သီးအရက်ဖြူ စသည်တို့ပါဝင်ရာ ထောပတ်သီး၏ အမျိုးမျိုးသော ဖြစ်နိုင်ခြေကို ပြသလျက်ရှိသည်။ ယင်းရသာမွန်အစားအစာများသည် လူထု၏အရသာခံစားချက်ကို ပို၍ ကြွယ်ဝစေသလို မုန့်လျန်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး၏ “ရွှေသစ်သီး” များလည်း ဖြစ်ခဲ့ပေသည်။ (Xinhua)

———————-
(Chinese Version)
【标题】在“中国牛油果之乡”解锁牛油果创意新吃法
【简介】在云南省孟连县,时下正值牛油果丰收季节,被誉为“森林黄油”的牛油果,已从单纯的鲜食水果演变为极具特色的美食符号。当地开发出各种创意菜品,涵盖热炒、凉拌、甜点等各品类。创新的牛油果咖啡、牛油果月饼、牛油果拉丝酸乳酪、牛油果白酒等,更展现了其无限可能。这些美食不仅丰富了群众味蕾体验,也成为孟连乡村振兴的“金果果”。
记者:陈欣波