Media
တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုသစ် လွှတ်တင်
တရုတ်နိုင်ငံက ရောင်ကန်-၄၇ ဂြိုဟ်တုသစ်အား အာကာသထဲသို့ ပို့ဆောင်ရန်အတွက် Long March-4B သယ်ဆောင်ရေးဒုံးပျံအား ဒီဇင်ဘာ ၉ ရက်က လွှတ်တင်ခဲ့သည်။ အဝေးထိန်းအာရုံခံစနစ်ပါရှိသော အဆိုပါဂြိုဟ်တုအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၁၁:၄၁ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုအား နိုင်ငံအဆင့် မြေယာစစ်တမ်းကောက်ယူမှု၊ မြို့ပြစီမံကိန်း၊ လမ်းကွန်ရက်ချိတ်ဆက်မှုဒီဇိုင်း၊ ကောက်ပဲသီးနှံအထွက်နှုန်း ခန့်မှန်းတွက်ချက်မှု၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုတို့အပြင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေးတို့အတွက်လည်း အဓိကအသုံးပြုမည်ဖြစ်သည်။ အဆိုပါလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီးစ်၏ ၆၁၄ ကြိမ်မြောက် ပျံသန်းမှုမစ်ရှင်ဖြစ်သည်။ (Xinhua)
…………………………………………………………………………
(English Version)
China launches new remote sensing satellite
STORYLINE:
China launched a Long March-4B carrier rocket on Tuesday to place a new satellite, Yaogan-47, into space. The remote sensing satellite was lifted off at 11:41 a.m. (Beijing Time) from the Jiuquan Satellite Launch Center in northwest China, and has entered the preset orbit successfully.
It will be primarily used in national land surveys, urban planning, road network design, crop yield estimation, environmental management, and disaster prevention and mitigation. The launch was the 614th flight mission of the Long March carrier rocket series.
Xinhua News Agency correspondents reporting from Jiuquan, China. (XHTV)
