Media
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများက အာကာသယာဉ်ပြင်ပ၌ ဒုတိယအကြိမ် လုပ်ငန်းဆောင်ရွက်မှုများ ပြီးမြောက်
ဂြိုဟ်ပတ်လမ်းအတိုင်း လှည့်ပတ်နေသော တရုတ်အာကာသစခန်းရှိ ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများက ဇန်နဝါရီ ၂၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၁ နာရီ ၁၂ မိနစ်၌ အာကာသယာဉ်ပြင်ပတွင် ဒုတိယအကြိမ် လုပ်ငန်းဆောင်ရွက်မှုများ ပြီးမြောက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအေဂျင်စီ၏ အဆိုအရ သိရသည်။
အာကာသယာဉ်မှူးများဖြစ်သည့် ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ်တို့က အာကာသအပျက်အစီး ကာကွယ်ရေးကိရိယာများ တပ်ဆင်ခြင်း၊ အာကာသယာဉ်ပြင်ပ၌ စစ်ဆေးမှုပြုလုပ်ခြင်း စသည့် အလုပ်တာဝန် အများအပြား ပြီးမြောက်စေရန် အချိန် ၈ နာရီခွဲကြာ အလုပ်လုပ်ခဲ့ကာ ၎င်းတို့အား အာကာသစခန်းရှိ စက်ရုပ်လက်တံနှင့် ကမ္ဘာမြေရှိ အဖွဲ့တစ်ဖွဲ့တို့က အကူအညီပေးခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0Dh
………………
(English Version)
Shenzhou-19 crew completes second series of extravehicular activities
Members of the Shenzhou-19 crew aboard China’s orbiting space station completed their mission’s second series of extravehicular activities (EVAs) at 1:12 a.m. (Beijing Time) on Tuesday, according to the China Manned Space Agency.
Astronauts Cai Xuzhe, Song Lingdong and Wang Haoze worked for 8.5 hours to complete multiple tasks, including the installation of space debris protection devices and an extravehicular inspection. They were assisted by the space station’s robotic arm and a team on Earth. xhtxs.cn/0Dh