Media
တရုတ်နိုင်ငံက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အရှိန်လျော့လာရေး တွန်းအားပေးရေး အခန်းကဏ္ဍတွင် ပါဝင်မှုအတွက် ထိုင်းနိုင်ငံ ကျေးဇူးတင်စကားပြောကြား
ဘန်ကောက်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အရှိန်လျော့လာရေး တွန်းအားပေးရေး အခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို ထိုင်းနိုင်ငံမှ ကျေးဇူးတင်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
Nikorndej Balankura က ထိုနေ့တွင်ကျင်းပသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက မိမိနည်းလမ်းဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အခြေအနေ အရှိန်လျော့လာရေးအတွက် တက်ကြွစွာ တွန်းအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်အရင်းခံထားခြင်းကို ထိုင်းနိုင်ငံက တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။
Nikorndej Balankura က သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံက ဒီဇင်ဘာ ၂၂ ရက်တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေး တက်ရောက်သည့် သက်ဆိုင်ရာအခြေအနေအား မိတ်ဆက်ပေးခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်မူဘောင်အတွင်း၌ ပြဿနာအားဖြေရှင်းခြင်းကို အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ မည်သည့် စဉ်ဆက်မပြတ်ဖြစ်သည့် ဖြေရှင်းရေးနည်းလမ်းမဆို ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်ဖက်က တိုက်ရိုက်တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။
နှစ်ဖက်က ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၌ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အထွေထွေကော်မတီ အစည်းအဝေး ကျင်းပသွားရန် စီစဉ်ထားပြီး နှစ်နိုင်ငံစစ်တပ်များက အပစ်ရပ်ရေးအစီအစဉ်နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
泰国感谢中方为推动泰柬边境冲突缓局降温发挥作用
新华社曼谷12月23日电(记者夏康静 常天童)泰国外交部发言人尼康德23日说,泰方感谢中方为推动泰柬边境冲突缓局降温发挥的作用。
尼康德当天在有关泰柬边境局势的发布会上说,感谢中方以自己的方式积极推动泰柬边境冲突缓局降温,泰方赞赏中方秉持客观公正立场。
尼康德在发布会上介绍了泰方22日参加东盟外长特别会议的相关情况。他重申,泰方始终坚持在双边框架内解决问题,任何可持续的解决方案都必须由泰柬双方直接推动。
双方拟于24日在泰国召开泰柬边界总委员会会议,两国军方拟就停火安排展开磋商。(完)
