Connect with us

Media

တရုတ်အန်နီမေးရှင်းဇာတ်ကား “Ne Zha 2” က လက်မှတ်ရောင်းရမှုဝင်ငွေ စံချိန်များကို ချိုးဖျက်ကာ အံ့မခန်းအောင်မြင်မှုများ ရရှိနေ

တရုတ်နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဇန်နဝါရီ ၂၉ ရက်တွင် စတင်ရုံတင်ပြသခဲ့သည့် တရုတ်အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကား “နီကျား-၂” (Ne Zha 2) မှာ လက်မှတ်ရောင်းချရမှုဝင်ငွေ စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရုံတင်ပြသ‌ဆဲဖြစ်သော အလွန်အောင်မြင်လျက်ရှိသည့် အဆိုပါ ဇာတ်ကားမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ခင်းအထိ ရုံတင်ပြသမှုမှ ဝင်ငွေ ယွမ် ၉.၂ ဘီလီယံကျော် ရရှိထားပြီးဖြစ်သလို ရုပ်ရှင်ကြည့်ပရိသတ် ၁၈၇ သန်းကျော်ကိုလည်း ဆွဲဆောင်နိုင်ခဲ့ပြီး ယင်းပမာဏမှာ တရုတ်နိုင်ငံတွင် ရုံတင်ပြသခဲ့သည့် အခြား ရုပ်ရှင်ဇာတ်ကားအားလုံးထက် သာလွန်နေရုံမျှမက လူကြိုက်အများဆုံး ဟောလိဝုဒ် ဇာတ်ကားအချို့၏ အောင်မြင်မှုကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် အကြီးအကျယ် အောင်မြင်ခဲ့သော “နီကျား” ရုပ်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်သော အဆိုပါ ဇာတ်ကားသည် ဈေးကွက်တစ်ခုတည်း၌ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်လွန်ခဲ့သည့် ပထမဆုံးဇာတ်ကား ဖြစ်လာခဲ့ပြီး တရုတ်ရုပ်ရှင်လောက၏ စွမ်းဆောင်နိုင်စွမ်းကို မှတ်ကျောက်တင်လျက်ရှိသည်။ (Xinhua)
……………………….
(English Version)
China’s animated sequel “Ne Zha 2” smashes box office records in stunning success
Released on Jan. 29, the first day of the Chinese New Year, Chinese animated feature “Ne Zha 2” has broken multiple box office records.
As of Wednesday noon, its ongoing blockbuster run has already amassed over 9.2 billion yuan (about 1.3 billion U.S. dollars) and attracted over 187 million viewers — numbers that have not only outpaced those of all other movies screened in China, but also rivaled the success of some of Hollywood’s biggest hits.
The sequel to 2019 blockbuster “Ne Zha” is the first film to cross the 1-billion-U.S.-dollar line in a single market, testifying to the capabilities of the Chinese film industry.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.