Media
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် ပဉ္စမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးပစ္စည်းပေးအပ်
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ပဉ္စမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပစ္စည်းများသည် ဧပြီ ၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ပဉ္စမအသုတ် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲ ၂၆၆ လုံး၊ ခြင်ထောင် ၂၀,၀၀၀ လုံး၊ တာပေါ်လင် ၉,၀၀၀ လိပ်၊ ခေါက်ဆွဲခြောက် ၂,၀၀၀ သေတ္တာပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။ (Xinhua)