Media
တရုတ်နိုင်ငံက ဂြိုဟ်သိမ်မှ နမူနာများရယူမည့် ထျန်းဝန့်-၂ အာကာသယာဉ်အား လွှတ်တင်
တရုတ်နိုင်ငံက ဂြိုဟ်သိမ်မှ နမူနာရယူမည့် ပထမဆုံးမစ်ရှင်ဖြစ်သော ထျန်းဝန့်-၂ အာကာသယာဉ်အား မေ ၂၉ ရက် အစောပိုင်းက လွှတ်တင်ခဲ့ပြီး ထိုမစ်ရှင်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဖြစ်ပေါ်လာပုံနှင့် ဆင့်ကဲပြောင်းလဲလာပုံတို့ကို ပိုမိုသိရှိနားလည်လာစေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။
အဆိုပါ အာကာသယာဉ်အား Long March-3B သယ်ဆောင်ရေးဒုံးပျံ၏ ထိပ်ဖျား၌ တပ်ဆင်လျက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ထျန်းဝန့်-၂ မစ်ရှင်မှာ ဆယ်စုနှစ်တစ်ခုကြာ စူးစမ်းလေ့လာရေးခရီးအတွင်း ကမ္ဘာမြေအနီးရှိ 2016HO3 ဂြိုဟ်သိမ်မှ မြေသား၊ ကျောက်သားနမူနာများ စုဆောင်းရယူခြင်း၊ အင်္ဂါဂြိုဟ်ထက် ပိုမိုဝေးကွာသော ပင်မဂြိုဟ်သိမ် ခါးပတ်ကွင်းရှိ 311P ကြယ်တံခွန်အား စူးစမ်းလေ့လာခြင်းကဲ့သို့သော ရည်မှန်းချက် အများအပြား ပြည့်မြောက်အောင်မြင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China launches Tianwen-2 to retrieve asteroid samples
STORYLINE:
China launched its first asteroid sample-return mission, Tianwen-2, in the early hours of Thursday, an endeavour to shed light on the formation and evolution of asteroids and the early solar system.
Atop a Long March-3B carrier rocket, the probe lifted off from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The Tianwen-2 mission aims to achieve multiple goals over a decade-long expedition: collecting samples from the near-Earth asteroid 2016HO3 and exploring the main-belt comet 311P, which is more distant than Mars.