Connect with us

Media

တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ

ပေကျင်း၊ ဇွန် ၁၇ည ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပထမဆုံးအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို တရုတ်ရှေးဟောင်းမြို့ဖြစ်သော ရှီးအန်းမြို့တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပခဲ့ချိန်က ယင်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံနှင့် ယူရေးရှားတိုက်၏ ဗဟိုချက်ဒေသအကြား ဆက်ဆံရေး၌ အရေးပါသော အခိုက်အတန့်ဖြစ်သည်ဟူသော အထိမ်းအမှတ်ပင် ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် ငါးနိုင်ငံဖြင့် ဗဟိုအာရှဒေသ၏ ဗျူဟာမြောက်အရေးပါမှု မြင့်တက်လာခဲ့သလို ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်း၌ ယူရေးရှား၏ တိုးတက်ပြောင်းလဲလာမှုက ပို၍အရေးပါသော အခန်းကဏ္ဍအသွင်ဆောင်လာခဲ့သည်။
ထိုသို့ပြောင်းလဲနေသော အခင်းအကျင်းကြားမှ ယူရေးရှားဒေသ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် ကွန်ရက်ချိတ်ဆက်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် ဆွေးနွေးမှု တည်ဆောက်လျက် တရုတ်နိုင်ငံက ယင်းဒေသ၏ ယုံကြည်စိတ်ချရသောမိတ်ဖက်အဖြစ် ပေါ်ထွက်လာခဲ့သည်။
အစိတ်စိတ်အမွှာမွှာ ကွဲပြားမှုနှင့် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသော ကမ္ဘာကြီးတွင် တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသကြား ဆက်ဆံရေးအားကောင်းခြင်းက အတားအဆီးမဟုတ်သော တံတားတစ်စင်းဖြစ်လာသည့် ပထဝီဝင်အနေအထား၊ ယှဉ်ပြိုင်မှုမဟုတ်သော အနာဂတ်ကို ပုံဖော်ပေးသည့် ပူးပေါင်းဆောင်ရွက်မှု ဟူ‌သော မတူညီသည့်ဇာတ်ကြောင်းကို ဖော်ပြပေးလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4oZ
……………………………………..
(English Version)
Why is China-Central Asia cooperation becoming increasingly important?
BEIJING, June 15 (Xinhua) — When Chinese President Xi Jinping hosted the first China-Central Asia Summit in the ancient Chinese city of Xi’an in 2023, it marked a pivotal moment in relations between the world’s second-largest economy and the heartland of the Eurasian continent.
In recent years, the strategic significance of Central Asia has surged, with five nations — Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan and Uzbekistan — assuming an increasingly important role in Eurasia’s evolving geopolitical and economic landscape.
Amid this changing landscape, China has emerged as the region’s reliable partner, building a web of connectivity, security cooperation and strategic dialogue that is promoting the development of Eurasia.
In a world defined by fragmentation and rivalry, the strengthening ties between China and Central Asia offer a different story — one where geography becomes a bridge rather than a barrier, and where cooperation, not competition, shapes the future. xhtxs.cn/4oZ