Media
တရုတ်စာ အရည်အချင်းစစ်စာမေးပွဲ HSK ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပ
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
နိုင်ငံတဝန်းရှိ တရုတ်စာသင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၂၀၀ ခန့်သည် ဇွန် ၂၂ ရက်က ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် Hanyu Shuiping Kaoshi (HSK) တရုတ်စာ အရည်အချင်းစစ်စာမေးပွဲကို တက်ရောက်ဖြေဆိုခဲ့ကြသည်။
တရုတ်စာသင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၂၀၀ ခန့်သည် HSK 1 မှ HSK 6 အထိ အဆင့်များကို ဖြေဆိုခဲ့ကြသည်။
ဤစာမေးပွဲကို Le Hua International Education Center မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါစင်တာ၏ ကျောင်းအုပ် ဒေါ်ရင်ရင်ဝင်းက HSK စာမေးပွဲသည် တရုတ်ဘာသာစကားကျွမ်းကျင်မှုကို သတ်မှတ်တိုင်းတာရန် အဓိကစံသတ်မှတ်ထားတဲ့ စာမေးပွဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။
HSK စာမေးပွဲကျင်းပခြင်းသည် မြန်မာပြည်သူများ၏ တရုတ်ဘာသာစကားကျွမ်းကျင်မှုကို အသိအမှတ်ပြုလက်မှတ်ရရှိစေရုံသာမက မြန်မာ-တရုတ်နှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပေါင်းကူးတံတားအဖြစ် တည်ဆောက်ပေးနိုင်သည့် အခွင့်အလမ်းလည်း ဖြစ်သည်ဟု ဒေါ်ရင်ရင်ဝင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)