Connect with us

Sino-Myanmar

Bank of China ၏ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

Bank of China ၏ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

Bank of China ၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း၊ လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူတော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက မြန်မာနိုင်ငံရှိ တရုတ်ဘဏ်များနှင့်ကုမ္ပဏီများက မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွအကျိုးထမ်းဆောင်ပေးမှုကို ချီးကျူးကြောင်း၊ Bank of China (ရန်ကုန်ဘဏ်ခွဲ) မှ တရုတ်ယွမ်ငွေဖြင့် ပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံသား အလုပ်သမားများ၏ လစာငွေလွဲရေးကိစ္စအား စမ်းသပ်ဖြေရှင်းပေးမှု၊ လူမှုရေးပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်ပါဝင်သည့် အခန်းကဏ္ဍများ စသည်တို့ကို များစွာချီးကျူးကြောင်း ပြောကြားသည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ချိုချိုနှင့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်တို့မှလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117