Connect with us

Sino-Myanmar

ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများကို BOC Scholarship Program မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် ၊ တာဝန်ရှိသူများနှင့်အတူ BOC Scholarship Program မှ ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုရ ကျောင်းသား/သူများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

Bank of China (Hong Kong) Ltd ရန်ကုန်ဘဏ်ခွဲ တည်ထောင်သည့် ၂နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား နှင့် ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများအတွက် BOC Scholarship Program မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ၏ CEO Mr.Liu Ying က BOC Scholarship Program မှ ပညာသင်ဆုများအား ကျောင်းသား/သူများကို ပေးအပ်ချီးမြှင့်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများအတွက် BOC Scholarship Program မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများအတွက် BOC Scholarship Program မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများအတွက် BOC Scholarship Program မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံက အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် နှစ်နိုင်ငံ ဖြစ်ပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံ ပြည်သူ/သားများကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ၊ ယနေ့ ကျင်းပသည့် ပညာသင်ဆု ပေးခြင်းအခမ်းအနားသည် Bank of China ရန်ကုန်ဘဏ်ခွဲက လူဘောင်အဖွဲ့အစည်း တာဝန်ယူခြင်း နှင့် ပရဟိတလုပ်ငန်း ပါဝင်ဆောင်ရွက်ခြင်းများထဲတွင် အရေးကြီးသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဖက်တစ်လမ်းအနေဖြင့် ပါဝင်ဆောင်ရွက်နေသော Bank of China(Hong Kong)ရန်ကုန်ဘဏ်ခွဲသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်အားဖြည့်ပေးနေသည်ကို တွေ့ရသည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းသန်းဝင်းက ယခု ကျင်းပပြုလုပ်သော ပညာသင်ထူးချွန်ဆု လှူဒါန်းခြင်း လုပ်ငန်းစဉ်သည် ပညာထူးချွန်သည့် ကျောင်းသား/သူများစွာကို ပညာရေး ဆုံးခန်းတိုင်အောင် အေးချမ်းစွာ ပညာသင်ယူနိုင်ရန် အင်မတန် အကျိုးရှိပြီး များစွာ အကျိုးရှိသည့် အစီအစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ၏ CEO Mr.Liu Ying က အနှစ်တရာ ရေရှည်စီမံကိန်း အတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၊ Yangon Branch သည် ယခုအကြိမ် ပညာသင်ဆုရရှိခဲ့သည့် ကျောင်းသားများကို ဂုဏ်ပြုပြီး ကျောင်းသားများအားလုံး ၎င်းတို့၏ ပညာဆည်းပူးသင်ယူမှုတွင် ဆက်လက်ကြိုးစားရန် ၊ ရှေ့သို့ မှန်မှန်လျှောက်လှမ်းရန်နှင့် ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်ရန် တိုက်တွန်းခဲ့သည်။

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ယခုလို မြန်မာနိုင်ငံက တက္ကသိုလ်အဆင့်မြင့်ပညာ သင်ကြားရန် ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးသည့်အတွက် Bank of China (Hong Kong) ကို ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန ၊ ရန်ကုန်တက္ကသိုလ်မှ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ပညာသင်ထူးချွန်ဆုရ ကျောင်းသား/သူများအတွက် BOC Scholarship Program မှ ချီးမြှင့်သည့် ပညာသင်ထောက်ပံ့ကြေးကို ကျောင်းသား/သူ ၂၅ ဦးက ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)