Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီက တရုတ်နှင့် ဥရောပတို့မှာ မိတ်ဖက်များဖြစ်ပြီး ပြိုင်ဘက်များမဟုတ်ဟု ပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပတို့သည် မိတ်ဖက်များဖြစ်ကြပြီး ပြိုင်ဘက်များမဟုတ်ကြောင်း ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၇ ရက်၌ ဧည့်သည်တော် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပက်ထရီ အော်ပိုနှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဥရောပအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ယှဉ်ပြိုင်မှုထက် သာလွန်သကဲ့သို့ ဘုံတူညီမှုသည်လည်း မတူကွဲပြားမှုများထက် သာလွန်လျက်ရှိကြောင်း၊ ဖင်လန်နိုင်ငံအနေဖြင့် တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ်ခိုင်မာစွာ တိုးတက်မှုကို အထောက်အကူပြုခြင်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………..
(English Version)
China and Europe are partners, not adversaries: Xi
BEIJING, Jan. 27 (Xinhua) — China and Europe are partners, not adversaries, said Chinese President Xi Jinping in his meeting with the visiting Finnish Prime Minister Petteri Orpo in Beijing on Tuesday.
Cooperation between China and Europe outweighs competition, and their common ground outweighs differences, Xi noted, adding that China hopes Finland will play a constructive role in promoting the healthy and stable development of China-Europe relations.