Media
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးတိုင်စီမံကိန်း လွှဲပြောင်းပေးအပ်
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးတိုင်စီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးနှင့် Yunan Energy Group မှ U Energy Thaketa Power Co., Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ စီမံကိန်းတွင် ဆိုလာလမ်းမီး ၄၀ စုံပါဝင်ကာ လူစည်ကားပြီး သွားလာမှုများပြားသည့် ဈေးများ၊ ပန်းခြံများ၊ စက်သုံးဆီဆိုင်များနှင့် ရုံးဌာနအနီးတဝိုက်ကို လွှမ်းခြုံထားကြောင်း သိရသည်။ ပထမတစ်ကြိမ်နှင့်ပေါင်းမည်ဆိုလျှင် အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၂,၀၀၀ ခန့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
