Media
တရုတ်နိုင်ငံထုတ် လူပုံစံတူစက်ရုပ်များက အလိုအလျောက် ချိန်သားကိုက် လှုပ်ရှားနိုင်စွမ်းရှိ
ဆန်းကျန့်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ အရွယ်အစားအပြည့် လူပုံစံတူစက်ရုပ်များ အခန်းငယ်ထဲမှ အလိုအလျောက် ချိန်သားကိုက်ထွက်လာပုံကို ရှုစားကြည့်ပါစို့။
အဆိုပါ စက်ရုပ်အစုအဖွဲ့မှာ အဆင့်မြင့်မားသည့် အုပ်စုလိုက်ထိန်းချုပ်မှုစနစ်နှင့် ဉာဏ်ရည်ထည့်သွင်းထားသည့် ရွေ့လျားမှုအစီအစဉ်တို့ကို အသုံးပြုလျက် အချင်းချင်းတိုက်မိခြင်း သို့မဟုတ် ဟန်ချက်ပျက်သွားသည့် လှုပ်ရှားမှုမျိုးမဖြစ်ဘဲ အမှားအယွင်းမရှိ တစ်ပြေးညီသရုပ်ပြနိုင်ခဲ့သည်။ ထိုသို့ တိုးတက်အောင်မြင်သည့် နည်းပညာကို ဆန်းကျန့်မြို့အခြေစိုက် LimX Dynamics ကုမ္ပဏီက တီထွင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………….
(English Version)
Chinese humanoid robots achieve synchronized autonomous “self-unloading”
STORYLINE:
Watch a highly synchronized autonomous cabin egress of full-sized humanoid robots in Shenzhen, China.
Utilizing advanced swarm control and intelligent motion planning, the formation demonstrated flawless synchronization without collision or jerky motion.
This technological breakthrough was developed by Shenzhen-based LimX Dynamics.
Xinhua News Agency correspondents reporting from Shenzhen, China. (XHTV)
