Media
ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်တွင် နွေဦးပွဲတော်အတွက် နေရပ်ပြန်သူ များပြားလာ
ရွှေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နွေဦးပွဲတော်ချိန် နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်တွင် နေရပ်ပြန်သူ များပြားလာသည်။ ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ အဆိုပါနယ်စပ်ဂိတ်၌ ပြည်ဝင်ပြည်ထွက်သည့် ခရီးသွား အကြိမ်ရေ ၁၄၄,၀၀၀ ရှိပြီး တစ်နေ့လျှင်ပျမ်းမျှအကြိမ်ရေ ၁၅,၀၀၀ ကျော်ရှိကာ ပုံမှန်အချိန်ထက် ၉.၇ ရာခိုင်နှုန်းကျော်တိုးပွားလာခဲ့သည်။ ပြည်ဝင်နေရပ်ပြန်သော ခရီးသွားတိုးပွားလာမှုအတွက် ရွှေလီ ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်သည် နေရပ်ပြန်သူတိုင်းက “အိမ်ပြန်ခြင်း”၏ နွေးထွေးမှုကို ခံစားရစေရန် အထူးလမ်းကြောင်းနှင့် စုံစမ်းမေးမြန်းသည့်ဝန်ဆောင်မှု ထပ်တိုးဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)
