Media
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ မိတ်ဆွေများအား ပြန်စာ ပေးပို့
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ မိတ်ဆွေများထံသို့ ပြန်စာနှင့်တကွ နှစ်သစ်ကူးနွေဦးဆုတောင်းကတ်ကို လက်ဆောင်အဖြစ် ပြန်လည်ပေးပို့ကာ ပွဲတော်ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄၁ နှစ်မတိုင်မီက မိမိသည် အိုင်အိုဝါပြည်နယ်သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ မိတ်ဆွေများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြကြောင်း၊ ထိုသို့သော လှပသည့်အမှတ်တရများက ယနေ့တိုင် မမေ့နိုင်အောင် မှတ်မိစွဲထင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး မျှော်လင့်ချက်မှာ ပြည်သူများတွင် တည်ရှိပြီး အခြေခံမှာ အရပ်ဘက်တွင် တည်ရှိကြောင်း၊ အနာဂတ်မှာ လူငယ်များ၏ လက်ဝယ်တွင် ရှိပြီး ရှင်သန်စွမ်းအားများသည် ဒေသန္တရတွင် အခြေတည်ကြောင်း၊ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်သည့် သဘောဆန္ဒက ပြောင်းလဲမည်မဟုတ်သလို နှစ်နိုင်ငံ လူငယ်လူရွယ်များ၏ အပြန်အလှန်သိရှိရင်းနှီးကျွမ်းဝင်ကြသည့် ချစ်ကြည်ရေးသည် ပြောင်းလဲမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရေးကို မြှင့်တင်ရန်အတွက် မိတ်ဆွေများအနေဖြင့် ဆက်လက်အားထားဆောင်ရွက်ကြရန်၊ ပိုမိုများပြားသည့် အမေရိကန်လူငယ်များအား တရုတ်-အမေရိကန် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းဆက်ခံသူ၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကို မြှင့်တင်သူများ ဖြစ်လာအောင် အားပေးလျက် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးဆောင်ကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုမတိုင်မီ အမေရိကန် အိုင်အိုဝါပြည်နယ် မိတ်ဆွေဖြစ်သူ ဘေရွန်က သမ္မတ ရှီကျင့်ဖိန်ထံသို့ စာလွှာပေးပို့ကာ အိုင်အိုဝါပြည်နယ် မိတ်ဆွေများကိုယ်စား သမ္မတ ရှီကျင့်ဖိန်နှင့် ပါမောက္ခ ဖိန်လိယွမ်ထံသို့ နှစ်သစ်ကူးနွေဦးပွဲတော် ဆုမွန်ကောင်းစကားများပြောကြားကာ အိုင်အိုဝါပြည်နယ်မိတ်ဆွေများသည် တရုတ်ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထား၍ တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘေရွန်၊ လန်ဒီ၊ ဒီဗော်ချက်ခ်၊ ကင်ဘာလီ၊ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘရန်စတက်၊ ကမ္ဘာ့စားနပ်ရိက္ခာဆု ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ကွင်းန်နှင့် ယင်းပြည်နယ်မှ “ငါးနှစ် လူငါးသောင်း” အဆိုပြုချက်ဖြင့် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက သမ္မတ ရှီကျင့်ဖိန်တို့ ဇနီးမောင်နှံထံသို့ နှစ်သစ်ကူးနွေဦးပွဲတော် ဆုတောင်းကတ်များ ပေးပို့ကာ အမေရိကန်-တရုတ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုကို မြှင့်တင်ရန် ကြိုးပမ်းသွားလိုကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်အတွက် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平复信美国艾奥瓦州友人
新华社北京2月18日电 2月16日,国家主席习近平复信美国艾奥瓦州友人并回赠新春贺卡,致以节日祝福。
习近平表示,41年前我访问艾奥瓦州,受到你们热情接待,那些美好回忆至今仍记忆犹新。中美关系希望在人民,基础在民间,未来在青年,活力在地方。无论形势如何变化,中美两国人民交流合作的愿望不会改变,两国青少年相知相亲的情谊不会改变。希望你们继续致力于促进两国民间友好,鼓励更多美国青少年成为中美友谊的传承者、和平友好的促进者,为中美关系发展作出更大贡献。
此前,美国艾奥瓦州友人贝隆致信习近平主席,代表艾奥瓦州友人向习近平主席和彭丽媛教授致以新春祝福,表示艾州友人珍视并将继续发展同中国人民的友谊。贝隆、兰蒂、德沃切克、金伯利、前驻华大使布兰斯塔德、世界粮食奖基金会名誉主席奎因,以及该州参与“5年5万”倡议访华的师生还向习近平主席夫妇发来新春贺卡,表示愿努力促进美中友好交流,为两国关系发展贡献力量。(完)
