Media
ဘရူနိုင်း ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်ထံသို့ ဘရူနိုင်းနိုင်ငံ၏ ၄၂ နှစ်မြောက် အမျိုးသားနေ့အတွက် ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်ထံသို့ ဘရူနိုင်းနိုင်ငံ၏ ၄၂ နှစ်မြောက် အမျိုးသားနေ့ (လွတ်လပ်ရေးနေ့) အတွက် ဖေဖော်ဝါရီ ၂၃ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံသည် အစဉ်အလာချစ်ကြည်ရေး ကြီးမားနက်ရှိုင်းကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံသို့ ဟာဆန် နယ်ဘော်လ်ကိတ် နိုင်ငံတော်ခရီးစဉ် လာရောက်ရာတွင် တရုတ်-ဘရူနိုင်း အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-ဘရူနိုင်း ဆက်ဆံရေး တိုးတက်ရန် အထူးအလေးထားရာ ဟာဆန် နယ်ဘော်လ်ကိတ်နှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး တိုးမြှင့်ရန်၊ တရုတ်-ဘရူနိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာစေရန် ဦးဆောင်၍ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်ရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平就文莱42周年国庆向文莱苏丹哈桑纳尔致贺电
新华社北京2月23日电 2月23日,国家主席习近平致电文莱达鲁萨兰国苏丹哈桑纳尔,祝贺文莱独立42周年。
习近平指出,中国同文莱传统友好深厚。去年哈桑纳尔苏丹对中国进行国事访问,双方一致同意构建中文命运共同体,开启两国关系崭新篇章。我高度重视中文关系发展,愿同哈桑纳尔苏丹一道努力,弘扬传统友谊,深化全面战略合作,增进人文交流,引领中文命运共同体建设不断走深走实,更好造福两国人民,为地区和平稳定和发展繁荣作出更大贡献。(完)
