Connect with us

Media

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade 12) ကို မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ စာစစ်ဌာနများတွင် နံနက် ၉ နာရီမှ ၁၂နာရီအထိ ကျင်းပနေပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြည်ပစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၈၉၀ ခန့်တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေမှာ မတ်လ ၃ ရက်အထိ ၂၆၅,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)