Media
တောင်ပေါ်တောပန်းများ၏ ရသာမွန်စားဖွယ်စုံ
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
နွေဦးရာသီကာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝူတိန့်ခရိုင် ကျီရီးလျှိုမြောင်အက်ကွဲကြောင်းကြီးတွင် သစ်တော်ပန်း၊ ငှက်ပျောပန်း၊ သော်ကပန်း စသည့် တောင်ပေါ်တောပန်းလေးများ အလျှိုလျှို ပွင့်လန်းလာသည်။ ဒေသခံလူထုအတွက်လည်း လတ်ဆတ်သောပန်းများ ခူးဆွတ်သည့်အချိန်အခါကောင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
လူအများက လတ်ဆတ်သော ပန်းများ၏ ပွင့်ဖတ်များကို ခူးဆွတ်ကာ ရိုးရာချက်ပြုတ်နည်းဖြင့် အသေးစိတ်ချက်ပြုတ်ကြသည်။ ဆီနည်းနည်းဖြင့် ကြော်စား၍သော်လည်းကောင်း၊ ဆီများများဖြင့် ကြွပ်ကြွပ်ကြော်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း၊ ဟင်းချိုခတ်၍သော်လည်းကောင်း လတ်ဆတ်သင်းပျံ့သည့် ဒေသထွက်ရသာမွန်များဖြစ်အောင် ချက်ပြုတ်ကာ တစ်မူထူးခြားသည့် ကျေးလက်ဒေသ တောင်ပေါ်တောပန်း ရသာမွန်ဟင်းလျာများကို ဖန်တီးကြသည်။ (Xinhua)
———————
(Chinese Version)
一桌山花宴 尝尽峡谷春
春日时节,云南楚雄彝族自治州武定己衣大裂谷生长的棠梨花、芭蕉花、炮仗花等十余种山花次第绽放,当地群众也迎来了采食鲜花的好时节。
人们采摘新鲜花瓣,以传统技法精心烹制,或清炒、或油炸、或蒸煮、或入汤,制作出一道道鲜香可口的特色佳肴,打造独具乡土韵味的山花宴。
