ဟယ်ဆင်ကီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) Helsinki Design Week ဟုသိကြသည့် ဥရောပတိုက်မြောက်ပိုင်း၏ အကြီးကျယ်ဆုံးသော ဒီဇိုင်းပွဲတော်ကို ၁၂ကြိမ်မြောက်အဖြစ် ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုဒီဇိုင်းပြပွဲတွင် ပြပွဲပေါင်း ၂၅ဝ ကျော်ကိုပါ ထည့်သွင်းပြသခဲ့သည်။ အဆိုပါပွဲတော်တွင်...
ဟူနန်၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲရှိ နက်စောက် မြင့်မားသော မီတာ ၁၃ဝဝ အနက်ရှိသည့် ထျန်းအန်းမင် တောင်စောင်းပေါ်တွင် စတန့်ပြသမှှုတစ်ခုကို အမေရိကန် စတန့်အဖွဲ့တစ်ဖွဲ့မှ စတန့်ကပြဖျော်ဖြေမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ လူသားများနှင့် သဘာဝအကြား လိုက်လျောညီထွေစွာနေထိုင်သွား နိုင်မှုတို့ကို အထူးထင်ဟပ်ပြသလိုသောကြောင့် ယခုကဲ့သို့စတန့်ပြသခြင်းဖြစ်ကြောင်းဆိုသည်။ (Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ သုံးရက်ကြာ ကျင်းပဆွေးနွေးလျက်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲ ပထမရက်တွင် JMC-TSC ယာယီရုံး၏ တည်နေရာအခြေအနေ၊...
ကွေ့ကျိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်တွင်တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးကြိုး တံတားကြီး မှာ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။ ပေဖိုင်ကျန်းတံတားဟု အမည်ရသည့် တံတားမှာ တောင်ကြားမှ ၅၇ဝ မီတာအမြင့်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတံတား၏ အမြင့်မှာ အထပ် ၂ဝဝ ထပ် ရှိ အဆောက်အဦး ၏ အမြင့်ဖြစ်သည်။...
ဆစ်ဒနီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)စက်တင်ဘာလ ၁၁ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၏ နံမည်ကျော်ကြားလှပသည့် ဘွန်ဒီ ကမ်းခြေတွင် 2016 ခုနှစ် သြစတြေးလျနိုင်ငံ၏ အကြီးဆုံး စွန်လွှတ်ပွဲတော်ကျင်းပခဲ့သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ စွန်လွှတ်ဝါသနာရှင်များပါ လာရောက်ဆင်နွှဲကြသည့်ပွဲတော်လည်းဖြစ်သည်။ ၎င်းတို့၏ စွန်များကို လေပေါ်တွင် ဒီဇိုင်းအမျိုးမျိုးနှင့် လွှတ်တင်ကာအစွမ်းပြသကြသကဲ့သို့...
ဘန်ကောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဆသွန်းခရိုင် အတွင်း ဇီကာရောဂါဖြစ်ပွားသူ ၂၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ထိုအထဲတွင် ရင်သွေးငယ်ကို ကောင်းမွန်စွာပုံမှန်အတိုင်းမွေးဖွားနိုင်ခဲ့သည့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး ပါဝင်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။ အာဏာပိုင်များ၏အဆိုအရ...
နယူးယောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ၉/၁၁ အကြမ်းဖက်မှု ၁၅နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အား ကျင်းပခဲ့ကြောင်း သိရသည်။ ၉/၁၁ အကြမ်းဖက်မှုသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ World Trade Center တာဝါအား အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော...
ဆော်ဒီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယခုနှစ်တွင်မူစလင်ဘာသာဝင် ၂သန်း နီးပါးသည် ဆော်ဒီအာရေဗျနိုင်ငံ ရှိ မွတ်စလင်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာသို့ သို့ နှစ်စဉ်မပျက်သွားရောက်ကာ ဟာ့ဂျ် ဘုရားဖူး ဝတ်ပြုခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ် ဘုရားဖူး ကာလတွင် လူပေါင်း ၂ထောင်ကျော် လူပိ သေဆုံး...
ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံတွင် မကြာမီကျရောက်တော့မည့် ဆောင်းဦးအလယ်ပိုင်းပွဲတော် (လမုန့်ပွဲတော်) အတွက် တရုတ်နိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် လမုန့်များကို အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် တက္ကသိုလ်များမှ လမုန့်များတွင် ၎င်းတို့ တက္ကသိုလ် အမှတ်တံဆိပ်များကို ရိုက်နှိပ်ဖြန့်ဖြူးခဲ့ကြသည်။ ဆောင်းဦးအလယ်ပိုင်းပွဲတော် (လမုန့်ပွဲတော်) တွင် နိုင်ငံတစ်ဝန်း၌ လမုန့်များကို အထူးစားသုံးမှုများပြား...
ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ က နိုင်ငံ အရှေ့ပိုင်း နှင့် အလယ်ပိုင်းဒေသရှိ အဓိကမြို့ကြီး ၂ မြို့ ဖြစ်သည့်ကျန့်ကျိုးနှင့် ရွှီကျိုးကို ဆက်သွယ်ပြေးဆွဲရန် အတွက် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။China’s #HSR line အဆိုပါ ရထားလမ်းအသစ်သည် ကီလိုမီတာ ၂သောင်းကျော်ရှိသည်။...