Connect with us

Videos

တရုတ် အာဆီယံ ကုန်စည်ပြပွဲ

နန်နင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ၁၅ ကြိမ်မြောက် တရုတ် အာဆီယံ ကုန်စည်ပြပွဲဖွင့်လှစ်ခဲ့ရာ ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၂၇ဝဝကျော် ဝင်ရောက်ပြသခဲ့ကြောင်းသိရသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ပြခန်းများ၊ ဆွေးနွေးပွဲများနှင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်စည်များအပြန်အလှန်ဖလှယ်ရင်း ချစ်ခင်ရင်းနှီးမှုများမြှင့်တင်နိုင်မည့်အစီအစဉ်များကိုထည့်သွင်းထားသည်။ တရုတ်နိုင်ငံက လွန်ခဲ့တဲ့ ၉ နှစ်တာကာလအတွင်း အာဆီယံနိုင်ငံများ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.