အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi က အထက်လွှတ်တော်အမတ် Anwaar-ul-Haq Kakar ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအား ဩဂုတ် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သမ္မတအိမ်တော်မီဒီယာဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပီနန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)သည် မလေးရှားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပီနန်မြို့တွင် ဩဂုတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှီးအန်း ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် မြို့တော်ရှီးအန်း၏ မြို့ပြင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တုံးများနှင့် ရွှံ့မြေများ ပြိုကျမှု ဩဂုတ် ၁၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားပြီးနောက် လူနှစ်ဦး သေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၆၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါခရိုင်တာဝန်ရှိသူများက ဩဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်း Dounan ပန်းဈေး၌ ပန်းအရောင်းအဝယ်များ တစ်ဟုန်ထိုး တိုးတက်ကောင်းမွန်လျက်ရှိပြီး အထူးသဖြင့် ညပိုင်း၌ ဖြစ်ကြောင်း သိရသည်။ အာရှ၏ အကြီးဆုံး လတ်ဆတ်သောပန်းရောင်းဝယ်ရေးဈေး နှင့် တရုတ်နိုင်ငံ ပန်းဈေးကွက်၏ ယုံကြည်စိတ်ချရသော barometer...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာသို့ ဩဂုတ် ၁၁...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာသို့ ပြောသည်။
ဟေးလုံကျန်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) ရက်ပေါင်းဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေခဲ့သည်။ ထိုသတင်းရရှိသည်နှင့်တစ်ပြိုင်နက် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)နှင့် ရဲတပ်ဖွဲ့များက ရေဘေးအန္တရာယ်တိုက်ဖျက်ရေး ရှေ့တန်းသို့ သွားရောက်၍...
ထျန်းကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေါဟိုင်ပင်လယ်ရှိ Bozhong 19-6 ဓာတ်ငွေ့လုပ်ကွက် ပထမအဆင့် ကမ်းလွန်ပလက်ဖောင်းများအားလုံး၏ ကုန်းတွင်းတည်ဆောက်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တည်ဆောက်မှုပထမအဆင့်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့နှင့် နိုင်ငံမြောက်ပိုင်းရှိ ထျန်းကျင်းမြို့တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပေါဟိုင်ပင်လယ်တွင် ၂၀၁၉...
သွန်းဟွမ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) ပိုးလမ်းမ၏ နာမည်ကျော်မြို့ ဖြစ်သော တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည် အရေအတွက်မှာ ဩဂုတ် ၁၀ ရက်အထိဆိုလျှင် ၄.၂၇ သန်း ရှိပြီ ဖြစ်သည်။ ခရီးသွားများသည် မော့ကောင်းကျောက်လိုဏ်ဂူ၊ မင်ရှားသဲတောင်နှင့်လခြမ်းရေကန်၊ ယွိမန်ကွမ်း စသည့်...