Connect with us

Media

မြန်မာနိုင်ငံက ၅ လအတွင်း ဆန်တန်ချိန် ၇၁၀,၀၀၀ ကျော် တင်ပို့

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၄_၂၅ဘဏ္ဍာနှစ် ပထမငါးလအတွင်း ဆန် ၇၁၈,၂၈၁ တန် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် (MRF) ၏ စက်တင်ဘာ ၉ ရက် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ဩဂုတ်လတွင် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း ၂၀၇,၃၆၉ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၉၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ငါးလတာကာလအတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ရေကြောင်းနှင့် ကုန်းလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၆ သန်းကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း MRF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117