မက္ကဆီကို၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ကလေးငယ်အပါအ၀င် ရွှေ့ ပြောင်းနေထိုင်သူ ခြောက်ဦးသည် သောကြာနေ့တွင်Rio Grande မြစ်ကိုဖြတ်၍ မက္ကဆီကို မှ အမေရိကန်နိုင်ငံဖက်သို့ ခိုလှုံခွင့်တောင်းရန် ကြိုးပမ်းခဲ့ကြသည်။၄င်းဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် နယ်စပ်တစ်လျှောက်၌ နေ့စဉ်ဖြစ်ပွားနေသည့် ရာနှင့်ချီသောဖြစ်စဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။သို့သော် စက်တင်ဘာလတွင် ဟေတီနိုင်ငံမှ တက္ကဆက်ပြည်နယ် ဒယ်လ်ရီယိုသို့...
အက်ဒစ်စ်အဘာဘာ ၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ) အာဖရိကတိုက်တွင် ကိုဗစ်အတည်ပြုလူနာဦးရေသည် စနေနေ့တွင် ၁၀ သန်း ကျော်အထိရှိလာပြီဖြစ်သည်။ လတ်တလော ရက်သတ္တပတ်များအတွက် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ကူးစက်ပျံ့နှံ့လာခြင်းကြောင့် ကူးစက်မှု သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။ ယခုအချိန်ထိ အာဖရိကနိုင်ငံ ၃၃ နိုင်ငံက အိုမီခရွန်ဗီဇပြောင်းကိုဗစ် ပျံ့နှံ့နေပြီဟု သတင်းထုတ်ပြန်ထားပြီး...
ချန်းရှ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့တင်ပို့မည့် တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုမှထုတ်လုပ်သည့် ဥမင်တူးစက်ကြီးတစ်ခုကို ဇန်နဝါရီ၆ရက်က ထုတ်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။ ထိုစက်ကြီးအား ချန်းရှရှိ China Railway Construction Heavy Industry Corporation ဌာနခွဲတစ်ခုမှထုတ်လုပ်ခဲ့သည်။ စက်ကြီးမှာအချင်း ၇.၆ မီတာရှိပြီး ၎င်းအား သီရိလင်္ကာနိုင်ငံတွင်ရေလွှဲစီမံကိန်းတစ်ခု၌အသုံးပြုသွားရန်ဖြစ်ကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံရှိ...
ဟာအယ်ပင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) လာမည့် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း (water cube ) ဟုအမည်ရသည့် အမျိုးသားအဏ္ဏဝါစင်တာ ၏ ရေကူးပြိုင်ပွဲကျင်းပမည့် ရေကူးကန်အား curling ပြိုင်ပွဲခေါ် (ရေခဲပြင်ပေါ်ကျောက်ပြားဝိုင်းပစ်ပြိုင်ပွဲ) ကျင်းပမည့် ရေခဲပြင်အဖြစ်ပြောင်းလဲရန် ဖြုတ်နိုင်တပ်နိုင်သည့် ရေခဲပြင်လမ်းကြောင်းများကိုတည်ဆောက်ထားကြောင်းသိရသည်။ ထို့ကြောင့်...
ကူမင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် ကုန်တင်ရထားပေါင်း ၁၁၆ စင်း သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ကူမင်းမြို့မှ ထွက်ခွါခဲ့ပြီး ဇန်နဝါရီ ၃ ရက်အထိ စုစုပေါင်း ကုန်စည် တန်ချိန်ပေါင်း ၄၉,၈၀၀ တန်ကျော် တန်ဖိုးအားဖြင့်ယွမ်ငွေ ၆၇၆...
လာ့စ်ဗီးဂတ်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်နေသည့် 2022 Consumer Electronics Show (CES) တွင် ဗြိတိန်နိုင်ငံအင်ဂျင်နီယာဌာနမှ ထုတ်လုပ်သည့် လူတူစက်ရုပ် Ameca အား ပထမဆုံးအကြိမ်လူထုနှင့်မိတ်ဆက်ခဲ့သည်။ ပြပွဲအတွင်း Ameca စက်ရုပ်အား အချိန်နှင့်အမျှ လူအများစိတ်ဝင်တစားလာရောက်ကြည့်ရှုကြပြီး မျက်နှာအမူအရာလှုပ်ရှားမှုများမှာအံ့အားသင့်ဖွယ်ကောင်းအောင်လှုပ်ရှားအသက်ဝင်လှသည့် စက်ရုပ် နှင့် စကားပြောဆိုခဲ့ကြသည်။...
ပေကျင်း ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲအတွက် အထူးပြုလုပ်ဖန်တီးထားသည့် ပထမဆုံးမီးရထားသည် ကြာသပတေးနေ့ (ဇန်နဝါရီ ၆ ရက်) က စတင်ပြေးဆွဲခဲ့သည်။ အဆိုပါ မြန်နှုန်းမြင့်ရထားလမ်းကြီးသည် ယခုလာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ပူးတွဲကျင်းပမည့် ပေကျင်းမြို့နှင့်...
မော်စကို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ လေတပ်မှ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ကာဇက်စတန်နိုင်ငံသို့ တပ်ဖွဲ့တစ်ဖွဲ့အားစေလွှတ်ခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၌ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ပါဝင်ကြောင်း၊ ရုရှားဦးဆောင်သည့် CSTO...
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) လွှတ်တော်ထဲ၌ပါတီအစွဲများ တိုးပွားလာသည်နှင့်အမျှ နိုင်ငံအတွင်း ကွဲပြားမှုများ ဖြစ်လာ ပြီး အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီအပေါ် သံသယများကြီးထွားလာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အဦ၌ ဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုများအပြီး တစ်နှစ်အကြာတွင် “အမှောင်မိုက်ဆုံးနေ့ရက်” အမှတ်တရများနှင့် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအပေါ် သံသယတရားများသည်...
လာဟိုး၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် “လိမ္မော်ရောင်ရထားလိုင်းဝန်ဆောင်မှု” ကို ပါကစ္စတန်နိုင်ငံ၌ ပထမဆုံးနှင့် တစ်ခုတည်းသော MRT ရထားဝန်ဆောင်မှုလမ်းကြောင်းအဖြစ် စတင်ပြေးဆွဲခဲ့သည်။ ပါကစ္စတန်နိုင်ငံသားလူငယ်တစ်ဦးဖြစ်သူ မိုဟာမက်နော်မန်က အဆိုပါ MRT ရထားလမ်းဝန်ဆောင်မှုအား နှစ်နှစ်ကာကာ နှစ်ခြိုက်ခဲ့သည်။ ထိုရထားလမ်းဖြင့် ၎င်း၏ အလုပ်အကိုင်စတင်ခဲ့ပြီး ဒေသခံများနှင့်...