Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရေဘေးဒဏ်ခံစားနေရသော ချုံချင့်မြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ချုံချင့်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားနေရသဖြင့် အစွန်းရောက်ရာသီဥတုကို ရင်ဆိုင်ကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၃ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချုံချင့်မြို့တစ်ခွင် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးအကြိမ်ရွာသွန်းခဲ့သောမိုးမှာ ယင်းမြို့ရှိ ချန်းထန်မြို့နယ်တွင် မိုးရေချိန်ပမာဏ စံချိန်တင်မြင့်မားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံက ချုံချင့်နှင့် စီချွမ်းအပါအဝင် ဒေသများ၌ ရေဘေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းအတွက် ပံ့ပိုးကူညီရန် ဗဟို သဘောဝဘေးအန္တရာယ် သက်သာလျော့ပါးရေးရန်ပုံငွေထဲမှ ယွမ် သန်း ၃၂၀ လျာထားသတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Relief work carried out in flood-hit Chongqing, SW China
China is making ongoing efforts to battle extreme weather, as rain-triggered floods wreak havoc in southern and central parts of the country.
Since Monday, heavy rainfalls have lashed Chongqing, triggering floods and geological disasters across the municipality. Notably, Changtan Township has reported record-high precipitation during the latest round of downpours.
China earmarked 320 million yuan on Wednesday from its central natural-disaster relief funds to support flood and geological disaster relief work in regions including Chongqing and Sichuan.