ရှီးချန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းဂြိုဟ်တု ၂လုံးအား နံနက် ၁၁း၃၀နာရီတွင်...
ဟေပေ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟေပေပြည်နယ် တိုင်ချွမ်ကျေးရွာရှိ တိုင်ဟမ်တောင်တန်းများပေါ်တွင် ဆိုလာပြားများကို တောင်ထိပ်တွင်ဖြန့်ခင်းထားကာ နေရောင်ခြည်မှ တစ်ဆင့်စွမ်းအင် ထုတ်ယူသုံးစွဲလျက်ရှိသည်။ ထို ဆိုလာပြားများမှတစ်ဆင့် လျှပ်စစ်စွမ်းအင် ၂ဝ မဂ္ဂဝပ်ကို ထုတ်လုပ်နိုင်သည်။ တောင်ထိပ်တွင် ဆိုလာပြားများအား နေရာင်ထိတွေ့မှုများစွာရရှိနိုင်မည့်ဘက်သို့ အလိုက်သင့် တပ်ဆင်ထားသည်။ ၎င်းနေရောင်ခြည်မှတစ်ဆင့်စွမ်းအင်ထုတ်ယူသည့်စနစ်သည် တရုတ်နိုင်ငံ၏...
ရှန်းကျန့်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျန့်တွင်ကျင်းပသည့် International UAV Expo တွင် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီပေါင်း ၂ဝဝ ကျော် က ၎င်းတို့ ကုမ္ပဏီထုတ် ဒီဇိုင်းများကို လာရောက်ပြသခဲ့ကြသည်။ ပြပွဲတွင်လာရောက်လေ့လာသူတစ်ဦးကလည်း ခေါက်သိမ်းနိုင်သည့်drone ကို နှစ်သက်ကြောင်း၊ ဒီဇိုင်းကအရမ်းကောင်းမွန်ကြောင်း၊ အိတ်ကပ်ထဲသို့လည်းထည့်ကာအလွယ်တကူသယ်ဆောင်သွား နိုင်ကြောင်းဆင်ဟွာကို...
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ဆင်ဟွာသို့ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ဒုတိယနေ့တွင် ၂ဝ၁၈...
ချုံကျင်း၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံချုံကျင်းပြည်နယ်တွင် ၉ ကြိမ်မြောက်တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့်အရပ်ဘက်နည်းပညာပြပွဲတစ်ရပ်ကိုကျင်းပလျက်ရှိသည်။ ထိုပြပွဲတွင် လေဆိပ်အတွင်း မျက်နှာမှတ်စနစ်ကို အသုံးပြုထားသည့် အလိုအလျောက် check in ဝင်ရောက်နိုင်မည့်စနစ်ကိုလည်းပြသထားသည်။ လက်မှတ်များအစား ခရီးသည်၏ မျက်နှာဖြင့် ဝင်ခွင့်အဆင့်ဆင့်ကို ဖြတ်ကျော်နိုင်ပါက ပိုမို အချိန်ကုန်သက်သာစေကာ ၉၈ ရာခိုင်နှုန်းခန့်အထိ...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ NLDက ပြုလုပ်သော ညီလာခံနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များကို...