ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ကုန်သွယ်ရေးစစ်ပွဲသည် မည်သူ့အတွက်မှ အကျိုးမရှိသောကြောင့် မဖြစ်ပွားသင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)
ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်တံခါးဖွင့်ခြင်း နှင့် လွတ်လပ်သော ကုန်သွယ်မှုကို အပြည့်အဝထောက်ခံအားပေးကြောင်း ၊ BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တောင်အာဖရိကတိုက်ရှိ ဂျိုဟန်းနက်စ်ဘာဂျ့်တွင်ကျင်းပလျက်ရှိသည့် BRICS ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကွန်ရက်တစ်ခုကိုတည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ BRICS ထိပ်သီးအစည်းအဝေးနှင့်စပ်ဆက်အစည်းအဝေးများကို ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ (Xinhua)
စစ်တကောင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) စစ်တကောင်းမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ၎င်းတွင် နိုင်ငံ၏ ပထမဆုံးရေအောက်ဥမင်လိုဏ်ခေါင်းကို ဖောက်လုပ်လျက်ရှိသည်။ ၎င်းရေအောက်ဥမင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ကာနာပူလီမြစ်အောက်တွင်ဖောက်လုပ်မည်ဖြစ်ပြီး အရှည်အားဖြင့် ၃.၅ ကီလိုမီတာရှိသည်။ ထိုဥမင်ကို China Communication Construction Company Ltd က ဆောက်လုပ်နေခြင်းဖြစ်ပြီး...
ရန်ရှောင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် အရှေ့တောင်ပိုင်း ရန်ရှောင်းဒေသ၏ အလှအပများမှာ ကမ္ဘာပေါ်တွင်အလှဆုံးရှုမြင်ကွင်းများဟုပင်တင်စားနိုင်မည်ဖြစ်ပါသည်။(Xinhua)
အန်ဟွေး၊ ဇူလိုင်၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်တွင် လယ်သမားများက ၎င်းတို့၏ စပါးခင်းများကို ကာတွန်းဇာတ်ကောင်များ၏ ပုံရိပ်များနှင့် တရုတ်စကားလုံးပုံရိပ်များအဖြစ် ပုံဖော်အလှဆင်မှုများ ပြုလုပ်ကြသည်။ ထိုသို့ပုံဖော်နိုင်ရန်အတွက် ကောက်ပဲသီးနှံမျိုးစိတ်များကို တိကျစွာ တိုင်းတာ စိုက်ပျိုးရခြင်းဖြစ်ပြီး သီးနှံများရင့်မှည့်ချိန် တွင် ပုံရိပ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ ကိုဆွဲဆောင်နိုင်ရန် လယ်သမားများက ထိုသို့ပုံဖော်ခြင်း...
ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လူ ၁၉ ဦးခန့်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသူ ၄၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Attapeu ပြည်နယ် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားထားသည့်...
ဂျိုဟန်းနက်စ်ဘာဂျ့်၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တောင်အာဖရိကတိုက်တွင်ကျင်းပလျက်ရှိသည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်မိန့်ခွန်းပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)