Connect with us

COVID-19 UPDATES

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး အသစ်တစ်သုတ် လက်ခံရရှိ

ဖနွမ်းပင်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး အသစ်တစ်သုတ်အား ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ရာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လူပေါင်း ၆.၃၃ သန်း ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားတွင် ဇူလိုင် ၂၂ ရက်က ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၈၁၁ ဦး ရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၇၀,၄၁၉ ဦး၊ သေဆုံးသူ ၁,၁၈၈ နှင့် ပြန်လည်ကျန်းမာလာသူ ၆၂,၅၇၇ ဦး ရှိကြောင်း ံ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | Cambodia receives new batch of COVID-19 vaccines from China
PHNOM PENH, July 23 (Xinhua) — Cambodia on Thursday received a new batch of China’s Sinopharm COVID-19 vaccines, boosting its vaccination campaign, a local health official has said.
Cambodia launched its anti-COVID-19 vaccination drive on Feb. 10. So far, 6.33 mln people have been inoculated in Cambodia.
The country reported 811 new COVID-19 cases on Thursday, pushing its national total to 70,419 with 1,188 deaths and 62,577 recoveries, according to the health ministry.

Produced by Xinhua News Agency