ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကိုယ်စားလှယ်များ က ၎င်းတို့ ၏ အတွေ့အကြုံများ နှင့် လွန်ခဲ့သည့် ၅ နှစ်အတွင်း ခံစားရသည့် ရင်တွင်းခံစားချက်များကိုရိုက်ကူးထားခြင်းဖြစ်သည်။ (Xinhua)
ကျန်းစု၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ်တွင်အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သည့် လယ်သမားတစ်ဦးက စပါးခင်းများတွင် တရုတ်စာလုံး ၄ လုံးကိုပုံဖော်စိုက်ပျိုးခဲ့သည်။ထိုစာလုံး၄ လုံး၏အဓိပ္ပါယ်မှာ ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ အားဂုဏ်ပြုပါ၏ ဟူ၍ဖြစ်သည်။ Yu Weiqing ဆိုသည့် အဆိုပါလယ်သမားမှာ...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ အနိမ့်ဆုံးမော်ဒယ်လ်နှစ်ကို ၂၀၁၄ ခုနှစ် သတ်မှတ်ပြီး ဘယ်မောင်းယာဉ်တစ်မျိုးတည်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက အောက်တိုဘာလ ၁၆ ရက် ၌ ထုတ်ပြန်လိုက်သည်။ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့်...
ဒါဟတ်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ပင်လယ်နီတွင် ရေငုပ်သမားများနှင့် နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန်နှင့် သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ရန်အတွက် အီဂျစ်လူငယ်အဖွဲ့တစ်ဖွဲ့က ရေအောက်ပြတိုက်တစ်ခုတည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ “I-Dive Tribe” ဟုအမည်ရသည့်အဆိုပါလူငယ်အဖွဲ့သည် ဒါဟတ်မြို့ရှိ ပင်လယ်နီရေအောက်ကြမ်းပြင်တွင် ရေအောက်ပြတိုက်တစ်ခု တည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်သည်။ အီဂျစ်နို်င်ငံရှိ သန္တာကျောက်တန်းများသည် ကမ္ဘာပေါ်တွင် ရေငုပ်ရန် အကောင်းဆုံးဒုတိယနေရာတစ်ခုဖြစ်လာစေရန် ထိုသို့ရည်ရွယ်ခြင်းလည်းဖြစ်သည်။...
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိ ရတနာကျောက်စိမ်း ခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ...
အန်ဟွေး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းအန်ဟွေးပြည်နယ်တောင်ပိုင်းရှိ ဟွမ်ရှမ်းတောင် (တောင်ဝါတောင်) ၏လှပမှု ပုံရိပ်များကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါသည်။ ထိုဟွမ်ရှမ်းတောင်သည် လှပသည့်ရှုခင်းများကြောင့် ထင်ရှားသည့်အပြင် တရုတ်နိုင်ငံ၏ ရိုးရာပန်းချီကားများ၊ စာပေများနှင့် ယခုခေတ် အလှဓါတ်ပုံတို့ ပေါ်ထွက်ရာဗဟိုချက်လည်းဖြစ်သည်။ ထိုတောင်ကို တရုတ်ပြည်သို့သွားရောက်လည်ပတ်သည့် နိုင်ငံခြားသားများအများဆုံး သွားရောက်လည်ပတ်လေ့ရှိကြပြီး...
ကွမ်ကျိုး၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုး ပြည်နယ်ရှိ အမျိုးသမီးနှင့်ကလေးကုသရေးစင်တာတွင် သူနာပြုစက်ရုပ် ၈ ရုပ်ဖြင့် ကုသမှုများဆောင်ရွက်လျက်ရှိသည်။၎င်းတို့၏ အဓိက လုပ်ငန်းဆောင်တာမှာ ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသယ်ယူပို့ဆောင်ပေးရခြင်းဖြစ်သည်။ ၎င်းတို့မှာ လူသားများကဲ့သို့ ပင်ပန်းခြင်း ဖျားနာခြင်းမျိုး မရှိဘဲ အချိန်ကြာမြင့်စွာတာဝန်ထမ်းဆောင်နိုင်ကြ သည့်အပြင် သင်တန်းပေးစရာလဲ မလိုပေ။ ထိုသို့...