Connect with us

Videos

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက အံ့ဖွယ်ရိုးရာ လေပေါ် ပျံဝဲကစားနည်း

ရှင်းကျန်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ပိုင်းတွင် Shaghydi ကစားနည်း သို့မဟုတ် လေပေါ်ပျံဝဲခြင်း ကစားနည်းသည် အလွန်လူကြိုက်များသော ကစားနည်းတစ်မျိုးဖြစ်ပါသည်။

ကစားနည်းတွင် ပါဝင်သည့်အခြားသူများက မြေပြင်မှနေ၍ ဝင်ရိုးလည်စေရန်တွန်းပေးခြင်းဖြင့် ကစားနည်းတင်ဆက်သူများက လေပေါ်တွင် ကြိုးကိုလွှဲပြီးပတ်ချာလည်လှည့်ကာ ပျံဝဲကြခြင်းဖြစ်သည်။ ထိုကစားနည်းမှာ အန္တရာယ်ရှိသဖြင့် လူအများက “ရဲရင့်သောကစားနည်း” ဟူ၍ ခေါ်ဆိုကြသည်။

အဆိုပါ ကစားနည်းစိန်ခေါ်ပြိုင်ပွဲကို ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ Awat နယ်မြေ Daolang ရှုမျှော်ခင်းနေရာ၌ မကြာခဏတင်ဆက်ပြသလေ့ရှိသည်။

ထိုကစားနည်းသည် ယင်းဒေသရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရကြောင်း သိရသည်။
ရင်သပ်ရှုမောဖွယ် ကစားနည်းကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.