Videos
ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ကျင်းပ
မန္တလေး ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့မန္တလေးမြို့ဖူကျင့် ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြပွဲရှိ ဓာတ်ပုံများမှာ တစ်ကမ္ဘာလုံးရှိ ပြည်ပရောက် တရုတ်နိုင်ငံသားများမှ ဖက်ဆစ်ဆန့်ကျင်ရေး အောင်မြင်မှု ရလဒ်အဖြစ် သိမ်းဆည်းထားသော သမိုင်းဝင် အဖိုးတန် ဓာတ်ပုံများအား ခင်းကျင်း ပြသထားခြင်း ဖြစ်ကြောင်း ထိုသို့ကျင်းပရခြင်းမှာ ငြိမ်းချမ်းရေးကို တန်ဖိုးထားစေလိုခြင်းကြောင့်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို မန္တလေးမြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း ၊ မန္တလေးတိုင်း ပြန်ကြားရေး အဖွဲ့နှင့် ကွန်ဖြူးရှပ် သင်တန်းကျောင်းတို့မှ ပူးပေါင်း စီစဉ် ပြုလုပ်ခြင်း ဖြစ်ပြီး မန္တလေးတွင်၃ ရက်ကြာ ဆက်လက်ကျင်းပမည် ဖြစ်သည်။ (Xinhua)