Connect with us

Videos

ပိုလီနေးရှန်း ယဉ်ကျေးမှု ပွဲတော် (သို့မဟုတ်) Tiki ကမ်းခြေပွဲတော်

ပိုလီနေးရှန်း ယဉ်ကျေးမှု ပွဲတော်ဟာ လွန်ခဲ့သည့်နှစ်ပေါင်း၄ထောင်ခန့် ကတည်းက ပေါ်ထွန်းခဲ့သည့် ပိုလီနီးရှားတိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို တင်ဆက်သည့် ပွဲတော်တစ်ခုဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုပွဲတော်ကို Tiki ကမ်းခြေပွဲတော် ဟု လူသိများပါသည်။

ပိုလီနေးရှန်း ယဉ်ကျေးမှု ပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ရာ ၁၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး တကမ္ဘာလုံးရှိ ဧည့်ပရိသတ် များ ပါဝင် ဆင်နွှဲလေ့ရှိ ကြပါသည်။ ပိုလီနီးရှားတိုင်းရင်းသားများတွင် မျိုးနွယ်စု ၈ ခု ရှိပြီး အရှေ့တောင်အာရှဒေသ ရှိ ထိုင်ဝမ် တိုင်းရင်းသားမျိုးနွယ်စု မှ ဆင်းသက် လာခဲ့ပါသည်။ ပိုလီနီးရှား တိုင်းရင်းသားလူမျိုးစုများသည် ပိုလီနေးရှန်း တြိဂံဒေသ ဟု ခေါ်သည့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဟာဝိုင်အီကျွန်း၊ နယူးဇီလန်ကျွန်း နှင့် အခြားကျွန်း များ တွင် နေထိုင်ကြသည်။

ယခု 2015 ခုနှစ်တွင်လည်းအစဉ်အလာမပျက်ကျင်းပခဲ့သည့် ပိုလီနေးရှန်း ယဉ်ကျေးမှု ပွဲတော် အတွင်း ပိုလီနေးရှန်း ရိုးရာ အက များ၊ သီချင်းများ အစရှိသည့် ဖျော်ဖြေမှု အမျိုးမျိုးဖြင့် တင်ဆက်ခဲ့ကြသလို ဂီတ ပညာရှင်ပေါင်း ၁၀၀ ကျော် မှလည်း ပိုလီနေးရှန်း ယဉ်ကျေးမှုများကို ဖျော်ဖြေ ခဲ့ကြသည်။

အဆိုပါပွဲတော်အတွင်း လက်သမားများ သည် ပိုလီနေးရှန်းအနုပညာ အစစ်အမှန်များ အား ဖန်တီးကြသလို ဈေးဆိုင်များတွင်လည်း မျက်နှာဖုံးမျိုးစုံ၊ လက်ဝတ်ရတနာမျိုးစုံ၊ အဝတ်အထည်အမျိုးစုံနှင့် ဟာဝိုင်အီ ရိုးရာဂီတတူရိယာများကို ရောင်းချခဲ့ကြ ပါသည်။

၂၀၁၅ ခုနှစ် ပိုလီနေးရှန်း ယဉ်ကျေးမှုပွဲတော်ကို သြဂုတ်လ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် တီကီကမ်းခြေတွင် ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့မှဧည့်သည်ပေါင်း ၁သောင်းကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.