Connect with us

Videos

UN ထူထောင်သည့် နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကုလသမဂ္ဂ ထူထောင်သည့် နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် စတင် ကျင်းပခဲ့ပြီး UN ၏ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ တရုတ် – မြန်မာ နှစ်နိုင်ငံနှင့် နိုင်ငံတကာ ပညာရှင်များမှ ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (MDRI) နှင့် တရုတ်နိုင်ငံ ယူနန် တက္ကသိုလ် မြန်မာဘာသာ လေ့လာရေး စင်တာတို့မှ ပူးပေါင်း ကျင်းပသည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား သြဂုတ်လ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား ၊ လာအို ၊ စင်ကာပူနှင့် ဂျာမနီ နိုင်ငံများမှ ပညာရှင်များ တက်ရောက် ဆွေးနွေးလျက် ရှိသည်။

ကုလသမဂ္ဂ (United Nations) သည် လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နှစ် ၇၀ ပြည့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.