Videos
စတုတ္ထ အကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ ကျင်းပ
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
စတုတ္ထ အကြိမ်မြောက် ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို ယနေ့ဒီဇင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ညီလာခံတွင် အသွင် သဏ္ဍာန်သစ်နှင့် မြန်မာမီဒီယာ ခေါင်းစဉ်ဖြင့် မြန်မာ မီဒီယာများ၊ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ညီလာခံတွင် ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး ၊ ယခု ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များသည် နောက်တက်လာမည့် အစိုးရအား မီဒီယာ ပြုပြင် ပြောင်းလဲရေး အတွက် အလွန် အသုံးဝင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
သတင်း မီဒီယာ ကောင်စီ ဥက္ကဌ ဦးခင်မောင်လေးက မြန်မာသတင်း မီဒီယာအလွှာ လောက ကို စတုတ္ထ မဏ္ဍိုင် လမ်းကြောင်း အမှန်အပေါ် ပြန်လည် တွန်းတင်ပေးနိုင်ရန် အခွင့်အလမ်းနှင့် ရလဒ်ကောင်းများ ဖော်ဆောင် ပေးနိုင်မည့် အကြောင်းနှင့် ပတ်သက်ပြီး အခုလိုပဲပြောကြားခဲ့ပါသည်။
ညီလာခံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ဗဟိုကော်မတီဝင် ၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအောင်ရှင်က မဝေးတော့သည့် အနာဂတ် ကာလတွင် ပိုမိုကောင်းမွန်သည့် မီဒီယာ ခေတ်တစ်ခေတ်ကို မြင်တွေ့ခံစား ရတော့မည် ဖြစ်ပါကြောင်း ယခုလို ထည့်သွင်း ပြောကြားခဲ့သည်။
စတုတ္ထ အကြိမ်မြောက် ကျင်းပ သည့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို နှစ်ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။မြန်မာ မီဒီယာ ဖွံ့ဖြိုး တိုးတတ်ရေး အတွက် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်မှုများ ၊ အတွေ့အကြုံနှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)