Connect with us

Videos

စာကြည့်ခန်းအတွင်း ဖုန်းလုံးဝအသုံးမပြုရန်စီစဉ်ထား

ချုံကျင်း၊ ဒီဇင်ဘာ (၁ဝ)ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်း မြူနီစပယ်ဒေသရှိ တက္ကသိုလ်တစ်ခုတွင် ဖုန်းလုံးဝ အသုံးမပြုရသည့် အခန်းတစ်ခန်းအား စာကြည့်တိုက် တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်း အခန်းတွင် လက်ကိုင်ဖုန်းအသုံးပြုမှုများအား လုံးဝ ကန့်သတ်ထားသည်။ စာကြည့်တိုက်ဝန်ထမ်းများမှ ကျောင်းသားများ ၏ ဖုန်းများအား နံပါတ်တပ်ထားသော စာအိတ်အသီးသီးသို့ထည့်သွင်းပေးပြီး သိမ်းဆည်းပေးထားကာ စာကြည့်တိုက် အတွင်း ရှိ စာကြည့်ခန်းတွင် တိတ်ဆိတ်စွာ စာကြည့်ရှုနိုင်အောင်ဖန်တီးပေးထားကြသည်။

ကျောင်းသားများမှ ၎င်းတို့ပြန်သည့်အခါတွင် အပ်နှံထားသော ဖုန်းများအားပြန်လည်ထုတ်ယူနိုင်ကြသည်။ ထိုသို့ ဖုန်းများအားသိမ်းဆည်းထားသည့် ရည်ရွယ်ချက်မှာ ကျောင်းသားများ စာလေ့လာသည့်အခါတွင် ပိုမို အာရုံစိုက်နိုင်ရန်အတွက် ဖြစ်ပြီး လူမှုှမီဒီယာ၏ဘေးထွက် ဆိုးကျိုးများမှ ကာကွယ်ပေးနိုင်ရန်ဖြစ်သည်ဟုသိရသည်။

စာကြည့်တိုက်ဝန်ထမ်းများမှ အရေးပေါ်ဖုန်းများအား လက်ခံဖြေကြားပေးသောကြောင့် ကျောင်းသားများအနေဖြင့် အေးဆေးစွာ လေ့လာနိုင်သည်။ အဆိုပါစာကြည့်အခန်းအား တက္ကသိုလ်၏ စာကြည့်တိုက်အတွင်း တည်ဆောက်ပေးထားပြီး ကျောင်းသားများအတွက် သီးသန့်စာကြည့်နိုင်မည့်အခန်းအဖြစ် စီစဉ်ထားရှိပေးထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.