Connect with us

Videos

ဆေးဝါးပညာရှင်တရုတ်လူမျိုးအမျိုးသမီး နိုင်ငံ၏သိပ္ပံနယ်ပယ်တွင်ပထမဆုံးအဖြစ် နိုဗယ်ဆုချီးမြှင့်ခံရ

တရုတ် ဆေးဖက်ဝင်အပင်များ ကျွမ်းကျင်ပညာရှင် တူးယို့ယိုး သည် သိပ္ပံနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး နိုဗယ်ဆုရ အမျိုးသမီး ပညာရှင်တစ်ယောက်ဖြစ်လာပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးရုံသာမက အနာဂါတ် တရုတ်တိုင်းရင်းဆေးပညာ တိုးတက်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်များ ယူဆောင်လာနိုင်ခဲ့ကြောင်းသိရသည်။

သူမမှ အာတီမီစီနင် (Artemisinin) ခေါ် ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းဆေး သည် ငှက်ဖျားရောဂါ ခံစားနေရသော လူနာများ သေဆုံးမှုနှုန်းကို သိသိသာသာ လျော့ကျစေကြောင်း သိရသည်။

တူး သည် ၂၀၁၁ခုနှစ်တွင် ငှက်ဖျားတိုက်ဖျက်ရေး ကုထုံးဖြင့် အမေရိကားမှ ချီးမြှုင့်သော လက်စကာဆု ကို ရရှိခဲ့သည့် ပြည်မကြီးမှ ပထမဆုံး ဆေးပညာရှင်တစ်ယောက်ဖြစ်သည်။ သူမသည် ၁၉၅၅ခုနှစ်တွင် ပီကင်း တက္ကသိုလ် ကျန်းမာရေးသိပ္ပံစင်တာ (ယခင် ပေကျင်း ဆေးပညာကောလိပ်) မှ ဘွဲ့ရရှိခဲ့ပြီး ပေကျင်းအခြေစိုက် တရုတ်နိုင်ငံဆေးပညာသိပ္ပံဆိုင်ရာ အကယ်ဒမီ တွင် သုတေသီ အကြီးအကဲ အဖြစ်သာမက ပါမောက္ခ အဖြစ်ပါတာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ဇီဝကမ္မဗေဒ (သို့) ဆေးပညာဆိုင်ရာ နိုဗယ်ဆုကို သူမ၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကုထုံး ရှာဖွေတွေ့ရှိမှု အတွက်ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းဆုကို သံလုံးကောင် ကူးစက်ရောဂါကိုရှာဖွေတွေ့ရှိခဲ့သည့် အိုင်းရစ် နိုင်ငံသား ဝီလျှံကန့်ဘဲလ် နှင့် ဂျပန်နိုင်ငံသား ဆာတိုရှိ အိုမူရာ တို့နှင့် အတူ တွဲဖက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင်နိုင်ငံ ကာရိုလင်းစကား တက္ကသိုလ်ရှိ နိုဗယ်ဆု အဖွဲ့အစည်းက တနင်္လာနေ့တွင် ကြေငြာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.