Videos
တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ်နည်းပညာမြင့် မြေအောက်ရထားကို ထပ်မံထုတ်လုပ်
ကျိလင်၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် Changchun မြို့ တွင် နောက်ဆုံးပေါ်နည်းပညာမြင့် မြေအောက်ရထားတစ်စင်းကို မကြာသေးမီက စမ်းသပ်ပြေးဆွဲခဲ့သည်။
အဆိုပါရထား ကို CRRC Changchun Railway Vehicles Co.,ltd ကုမ္ပဏီက ထုတ်လုပ်ထားသည်။
ရထားတွင် နောက်ဆုံးပေါ် နည်းပညာမြင့် ပစ္စည်းများ ကို အသုံးပြုထားပြီး အတားအဆီးများကို အာရုံခံနိုင်ခြင်း၊ ရထားတွဲအပြစ်ဖြစ်ခြင်းကို လေ့လာစစ်ဆေးနိုင်ခြင်း၊ အရေးပေါ် ဘက်ထရီ အသုံးပြုနိုင်ခြင်းတို့ကိုဆောင်ရွက်နိုင်သည်။
ရထားမှာ တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျန့်ရှိ မြေအောက်ရထားဘူတာ အမှတ် ၁ဝ တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။(Xinhua)