Connect with us

Videos

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

မနီလာ ၊ နိုဝင်ဘာလ(၁၇)ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် တူရကီနိုင်ငံတွင် ကျင်းပခဲ့သော G20 အစည်းအဝေး ကို တက်ရောက် ခဲ့ပြီးနောက် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပမည့် APEC အစည်းအဝေးအားတက်ရောက်ရန်နိုဝင်ဘာလ (၁၆) ရက်နေ့ညက တူရကီနိုင်ငံ အန်တယ်ရာမှ ထွက်ခွါခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် APEC အစည်းအဝေးတွင် သမ္မတရှီက အာရှ ပစိဖိတ်ဒေသပူးပေါင်း ဆောင်ရွက်ရန် ချမှတ်ထားသည့် တရုတ်နိုင်ငံ ၏ ပေါ်လစီ များကိုဆွေးနွေးသွားမည်ဖြစ်ပြီး ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများနှင့် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့်အခြေအနေများကို အလေးထားဆွေးနွေး သွားမည်ဟုလည်း သိရသည်။

သမ္မတရှီကျင့်ဖိန်သည် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino III ) ၏ ဖိတ်ကြားမှု အရ နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် ၂၃ ကြိမ်မြောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး (APEC) ကို တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.