Connect with us

Videos

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းတွင်သစ်ပင်တက်ပြိုင်ပွဲကျင်းပခဲ့

ဖူကျန်း၊ နိုဝင်ဘာလ (၁၇) ရက် ၊ ဆင်ဟွာ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဖူကျန်းပြည်နယ်ရှိ ရှီမင်း တက္ကသိုလ်တွင် သစ်ပင်တက်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပ ခဲ့ကြ ပြီး ဆရာပေါင်း ၆ဝကျော်နှင့် ကျောင်းသားများ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါပွဲတွင်အနိုင်ရသူသည် ၂ဝဝ၇ ခုနှစ်တွင် သစ်ပင်တက် အဖွဲ့ တည်ထောင်ခဲ့သော ဟောင်ကောင် ၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သစ်ပင်တက်ပြိုင်ပွဲများသည် အမေရိကန်ပြည်ထောင်စုတွင် ၁၉၈ဝ ပြည့်လွန်နှစ်များကတည်းက လူသိများ ထင်ရှားခဲ့သည်။ ကမ္ဘာ့ပထမဆုံး သစ်ပင်တက်ကျောင်းဖြစ်သည့် နိုင်ငံတကာ သစ်ပင်တက်သူများကျောင်း ကို ၁၉၈၃ ခုနှစ်တွင် အတ္တလန္တာတွင် တည်ထောင်ခဲ့သည်မှစ၍ အလားတူ ကျောင်းများစွာ ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်လာခဲ့သည်။
သစ်ပင်တက် သင်ခန်းစာများအား အမေရိကန်ပြည်ထောင်စုရှိကျောင်းပေါင်း ထောင်ပေါင်းများစွာတွင် သင်ကြားပေးခဲ့ကြပြီး သစ်ပင် အား ကြိုးစသည့် ကိရိယာဖြင့်အသုံးပြုတက်ရသည့်နည်းကိုပါ သင်ကြား ပေးခြင်းဖြစ်သည်။
၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရှီးမန်တက္ကသိုလ် တွင် သစ်ပင်တက်ခြင်းသင်ခန်းစာကို စတင်သင်ကြား ပေးခဲ့ပြီး ကျောင်းသားစုစုပေါင်း ၄ဝဝကျော် စိတ်ဝင်တစားသင်ယူခဲ့ကြကြောင်းသိရသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.