Connect with us

Videos

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမဲခွဲ ဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) မှ လွဲ၍ ကျန်သည့် ပုဒ်မများ ရှုံးနိမ့်

နေပြည်တော်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မ ၆ ခုကို မဲခွဲ ဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) မှလွဲ၍ ကျန်သည့် ပုဒ်မများ မဲခွဲရာတွင် ရှုံးနိမ့်ခဲ့ပါတယ်။

ပုဒ်မ ၅၉ (ဃ) ဖြစ်သည့် နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စစ်ရေး အမြင်အစား ၊ ကာကွယ်ရေး အမြင်ရှိရမည် ဆိုသည့် ပုဒ်မ တစ်ခုသာ အနိုင်ရရှိခဲ့ပါတယ်။

မဲခွဲ ဆုံးဖြတ်ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ ပုဒ်မ ၅၉ (ဃ) တွင် ထောက်ခံမဲ ၅၅၆ မဲ၊ ပုဒ်မ ၅၉ (စ) တွင် ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆၀ (ဂ) တွင် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈ (ခ) တွင် ထောက်ခံမဲ ၃၈၆ မဲ ၊ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) တို့တွင် ထောက်ခံမဲ ၃၈၈ မဲစီ ရရှိခဲ့ကြောင်းသိရပါတယ်။

မဲခွဲ ဆုံးဖြတ်ရာတွင် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် မဲပေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၄၇၅ မဲရရှိမှသာ အနိုင် ရရှိမှာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျန်ရှိသော အပိုင်း များအား ဆက်လက် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.